Get Mystery Box with random crypto!

Online News Channel

Logo of telegram channel mtn812 — Online News Channel O
Logo of telegram channel mtn812 — Online News Channel
Channel address: @mtn812
Categories: News
Language: English
Subscribers: 3.20K
Description from channel

up to date news channel

Ratings & Reviews

3.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

1

1 stars

0


The latest Messages 7

2021-10-14 04:31:04
ဘိုမကြီးနဲ့တောင် တူလာပြီ
804 viewsMinn Thet Naing, 01:31
Open / Comment
2021-10-13 15:04:36
မကွေးတိုင်း၊နတ်မောက်မြို့နယ်တွင်
ကိုဗစ်ကာကွယ်ဆေးသွားထိုးပေးသည့်
ကျန်းမာရေး၀န်ထမ်းအား PDF အကြမ်းဖက်သမားများက သတ်ဖြတ်
လိူက်ကြောင်းသိရသည်။
1.1K viewsMinn Thet Naing, 12:04
Open / Comment
2021-10-12 14:25:57
1.2K viewsMinn Thet Naing, 11:25
Open / Comment
2021-10-11 18:51:10 နိုင်ငံတကာအမည်ခံတွေက

မြန်မာနိုင်ငံဒီမိုကရေစီပြန်လည်ရရှိရေးအတွက်
တွေ့ဆုံဆွေးနွေးရေးကို တိုက်တွန်းကြပါတယ်...

ဒါပေမယ့် သူတို့တောင်းဆိုတာက ဒီမိုကရေစီပြန်လည်ရရှိရေးအတွက်

တစ်ကြောင်းတည်းသောလမ်းဖြစ်တဲ့...

ရွေးကောက်ပွဲအမြန်ကျင်းပနိုင်ရေး

လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရေး

ရွေးကောက်ပွဲကပေါ်ထွက်လာတဲ့ ဒီမိုကရေစီ
အစိုးရထံအာဏာပြန်အပ်ရေးတွေကို

နိုင်ငံရေးပါတီများနဲ့နစကအစိုးရတွေ့ဆုံဆွေးနွေး
ကြဖို့မဟုတ်ဘဲ

ဒေါ်အောင်ဆန်းစုကြည် နဲ့ နစက အစိုးရတွေ့ဆုံ
ဆွေးနွေးရေးသာ ဖြစ်နေပါတယ်....

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့NLDအစိုးရ
ကာလငါးနှစ်မှာ

အစိုးရအဖွဲ့အတွင်း၊ ပါတီအတွင်း၊ ပါတီပြင်ပ
နေရာအစုံမှာ ဒီမိုကရေစီ ဆိတ်သုဉ်းခဲ့ပြီး

NLDထောက်ခံဝန်းရံသူများသာဒီမိုကရေစီရခဲ့
တာ... အထင်အရှား မြင်တွေ့ခဲ့ကြရပြီး ဖြစ်ပါ
တယ်...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို့ ပါတီအမည်
ခံယူထားသော်လည်း

အမျိုးသားရေးကော...ဒီမိုကရေစီအရေးကိုပါ
ပစ်ပယ်ပြီး

တစ်ဦးတည်း ဒီမိုကရေစီအာဏာရှင်အဖြစ်

တိုင်းပြည်ကိုအုပ်ချုပ်သွားတာ မြင်တွေ့ခဲ့ကြရ
ပြီးဖြစ်ပါတယ်...

NLDကိုထောက်ခံဝန်းရံသူများသာဒီမိုကရေစီ
ရခဲ့ပြီး

NLDပါတီဝင်တိုင်းတောင်မှ ဒီမိုကရေစီမရဘဲ

NLDအစိုးရနဲ့ပါတီရဲ့အားနည်းချက်တွေထောက်
ပြဝေဖန်ရင်ပါတီကနေ ထုတ်ပယ်ခံရပါတယ်...

ပါတီဥက္ကဋ္ဌနဲ့အဆင်ပြေတဲ့ပြည်ထောင်စုဝန်ကြီး
တွေ၊ ပြည်နယ်တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေ
ဥပဒေနဲ့မညီတာ လုပ်ချင်ရာလုပ်မပြုတ်ပေမယ့်

ပါတီဥက္ကဋ္ဌအမြင်မကြည်လင်တဲ့ပြည်နယ်အစိုးရ
အဖွဲ့ဝန်ကြီးတွေ ကို..ကာယကံရှင်တွေကိုယ်တိုင်
ဘာအကြောင်းကြောင့်မှန်းမသိရဘဲထွက်စာတင်
ခိုင်းပါတယ်

မထွက်ရင်ထုတ်ပယ်ပါတယ်။(ကချင်ပြည်နယ်
ဝန်ကြီးသုံးဦးဖြစ်စဉ်)

အစိုးရအပေါ်ဝေဖန်ထောက်ပြမှုပြင်းထန်သူတွေ
ကိုအစိုးရကိုအကြည်ညိုပျက်စေမှု (ပုဒ်မ-၁၂၄
က )နဲ့ နှိပ်ကွပ်ပါတယ်

တိုင်းပြည်ဘဏ္ဍာကျပ်သန်းပေါင်း ၆၄၂၆ သန်း
ကို သမ္မတအရေးပေါ်ရန်ပုံငွေကထုတ်သုံးပြီး

facebook ပေါ်မှာပြည်သူလူထုရဲ့လွတ်လပ်စွာ
ဝေဖန်ပြောဆိုရေးသားခွင့်ကို ပိတ်ပင်တားဆီးခဲ့
ပါတယ်..

အတိုက်အခံဘဝကတောင်းဆိုခဲ့ကြတဲ့

ဒီမိုကရေစီအခွင့်အရေးတွေကိုအစိုးရဖြစ်လာချိန်
မှာ မပေးဘဲ

ဒီမိုကရေစီနဲ့မညီတဲ့ဥပဒေတွေကိုလက်ကိုင်တုတ်
လို အသုံးပြု အုပ်ချုပ်ခဲ့ပါတယ်...

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း

ယခုအချိန်မှာ(နိုင်ငံရေးပြစ် မှုမဟုတ်တဲ့)အကျင့်
ပျက်ခြစား အဂတိလိုက်စားမှုနဲ့တရားစွဲဆိုခံနေရ
တာဖြစ်လို့

ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးပြီး

မြန်မာနိုင်ငံ ဒီမိုကရေစီပြန်ရအောင်လုပ်ရမယ်
ဆိုတာ

ဖြစ်နိုင်မဖြစ်နိုင်ဒီမိုကရေစီဘိုးအေကြီးများမသိ
စရာအကြောင်း မရှိတဲ့အတွက်

ဒီမိုကရေစီဆီမန်းမန်းပြီး တိုင်းပြည်ကို ချောက်
ထဲတွန်းချနေတယ်ဆိုတာထင်ရှားနေပါတယ်။

#SitNyein
1.3K viewsMinn Thet Naing, 15:51
Open / Comment
2021-10-09 10:03:57 ဒီမိုကရေစီတော်လှန်ရေးထဲကနေ ကွန်မြူနစ်ဝါဒကို
တတ်နိုင်သလောက်ဖယ်ထုတ်နိုင်ရင် နိုင်ငံအတွက်ရော
အရေးတော်ပုံအတွက်ပါ ကောင်းကျိုးပြုနိုင်မယ်ထင်လို့
ဒီစာကို အမုန်းခံပြီး ဆင်ဆင်ခြင်ခြင်နဲ့
ဘိုင်းကောင်းကျောက်ဖိရေးပါတယ်။

ဒီနေရာမှာကွန်မြူနစ်နဲ့ဒီမိုကရေစီ
ဘာကပိုကောင်းတယ် ဘာကပိုဆိုးတယ်လို့
ဝေဖန်လိုရင်း မဟုတ်ပါဘူး။
နှစ်မျိုးရောနေရင် အန္တရယ် များတဲ့အကြောင်း
အဓိက ပြောချင်တာပါ။

ဒီမိုကရေစီလူသားတွေဆီကထွက်တဲ့
ကွန်မြူနစ်ချွေးနံ့က ကွန်မြူနစ်တွေဆီကထွက်တဲ့
ကွန်မြူနစ်ချွေးနံ့ထက်ပိုဆိုးပါတယ်။

တဝမ်းပူ
710 viewsMinn Thet Naing, 07:03
Open / Comment
2021-10-09 10:03:57 ကျတော်တို့ဟာ ဒီမိုကရေစီခေါင်းဆောင်ဆီကနေ
ကွန်မြူနစ်အမွေတွေအလုံးအရင်းရလိုက်တယ်

ဒီမိုကရေစီလေးမှ လေးဘက်ထောက်မယ်
လမ်းလျှောက်တတ်မယ်ကြံကာရှိသေးတယ်
လူထုဒီမိုကရေစီခေါင်းဆောင်က လူကိုမကြည့်နဲ့
ပါတီကိုပဲကြည့်ဆိုတဲ့ ကွန်မြူနစ်အနှစ်သာရအပြည့်နဲ့
စကားတော်ကြီးကို မျက်နှာပြောင်တိုက်ပြီး
မိုး​ကြိုးပစ်သလိုပြောချလိုက်တယ်။
အဲ့ကတည်းက ကျတော်တို့ဒီမိုကရေစီဟာ
ငယ်ငယ်ရွယ်ရွယ်နဲ့မိုးကြိုးပစ်ခံလိုက်ရတာ။

လက်တွေ့ကျကျပြောရရင်FPTPဟာ လူပေါ်
(ကိုယ်စားလှယ်ပေါ်)အခြေခံရတဲ့ရွေးကောက်ပွဲစနစ်။
PRကကျ လူထက်ပါတီအပေါ်အခြေခံရတဲ့စနစ်။
အဲ့မှာ PRကိုကျခါးခါးသီးသီးဆန့်ကျင်ပြီး PRရဲ့
ပင်မအနှစ်သာရဖြစ်တဲ့ ပါတီကိုအခြေခံရမယ့်
မူကိုကျ ချစ်မြတ်နိုးတော်မူရှာတယ်။
လူကိုမကြည့်ပါနဲ့ ပါတီကိုပဲဲကြည့်ပါတဲ့။

လူထုခေါင်းဆောင်ဟာ ဖက်ဒရယ်စနစ်ကိုလည်း
ချစ်မြတ်နိုးတယ်လို့လူသိရှင်ကြားထုတ်ပြောခဲ့တယ်။
ဒါပေမယ့် တိုင်းရင်းသားလူနည်းစုတွေအပါအဝင်
လူနည်းစုတွေရဲ့ ရှုံးနိမ့်သွားတဲ့မဲတွေကို ပြန်ပြီး
အဖတ်ဆည်ကုစားပေးနိုင်မယ့် PRစနစ်ကိုကျ
ခါးခါးသီးသီး ငြင်းပယ်ခဲ့တယ်။

လူတယောက်က အဲ့လိုရှေ့နောက်မညီတာ
ပြသနာမရှိပေမယ့် အဲ့လိုရှေ့နောက်မညီပဲနဲ့
ကွန်မြူနစ်ဆန်နေတာကို ဒီမိုကရေစီလို့ လူအများက
ထင်သွားကြရင်တော့ ပြသနာအကြီးကြီးရှိပါတယ်။

အကျိုးဆက်အနေနဲ့ အခုအရေးတော်ပုံဟာ
ကွန်မြူနစ်ဝါဒနဲ့ကွန်မြူနစ်တွေရဲ့ ချယ်လှယ်ခြင်းကို
သိသိသာသာခံနေရတာပါပဲ။ကမ္ဘာကျော်ကွန်မြူနစ်
ကြွေးကြော်သံဖြစ်တဲ့ နှောင်ကြိုးမှတပါးဆုံးရှုံးစရာ
မရှိဆိုတဲ့ ကြွေးကြော်သံနဲ့ သခင်သန်းထွန်းရဲ့
ဗားဂရာကြွေးကြော်သံကိုတုပပြီး ဗားဂရာချောက်ကို
စစ်ခွေးအရိုးနဲ့ဖို့မယ်ဆိုတဲ့ကြွေးကြော်သံတွေကို
အရေးတော်ပုံထဲပေါ်တင်စွဲသွင်းလာကြတယ်
ကွန်မြူနစ်တွေက။

အဲ့တာက အပေါ်ယံအသွင်သဏ္ဍန်ပိုင်းမှာမြင်ရတာ။
အနှစ်သာရပိုင်းကိုကြည့်မယ်ဆိုရင်လည်း
ကွန်မြူနစ်ဝါဒဟာ အရေးတော်ပုံရဲ့ အတွင်းပိုင်း
မူဝါဒအထိ ချယ်လှယ်နေတာကို တွေ့ရပါလိမ့်မယ်။
လိုချင်တာရဖို့ နည်းလမ်းအသွယ်သွယ်ရှိပေမယ့်
တိုက်ဖို့ကလွဲပြီးကျန်နည်းလမ်းအားလုံးကို ဘာနေနေ
ဂရုမစိုက်ပဲ ငြင်းပယ်တာဟာ ကွန်မြူနစ်တွေရဲ့
အထင်ရှားဆုံးမူဝါဒဆိုင်ရာသမိုင်းသက်သေပါ။
အခုလည်းအရေးတော်ပုံဟာ အပြုတ်တိုက်ဖို့ကလွဲပြီး
ကျန်တဲ့ မူဝါဒနဲ့အောင်မြင်ရေးနည်းလမ်းအားလုံးကို
ငြင်းပယ်ထားတာကို တွေ့ရပါလိမ့်မယ်။

အဲ့တာဟာ အရေးတော်ပုံရဲ့ အသွင်သဏ္ဍန်နဲ့
အနှစ်သာရနှစ်ပိုင်းစလုံးကို ကွန်မြူနစ်တွေ
အတွင်းအပြင်ချယ်လှယ်နေခြင်းရဲ့သက်သေပါ။

မဝေးသေးတဲ့သမိုင်းကိုပြန်ကြည့်မယ်ဆိုရင်လည်း
စစ်အာဏာရှင်တွေဟာ လက်နက်အားကိုးနဲ့
ဒီမိုကရေစီကို သင်းသတ်ခဲ့ကြတယ်။မတူညီတဲ့
သဘောထားအမြင်တွေ ပါတီတွေ ရှင်သန်ခွင့်
မရခဲ့ကြဘူး။အမှောင်ခေတ်ကို ဖြတ်သန်းကြရတယ်။

အလားတူ လူထုခေါင်းဆောင်ဟာလည်းလက်နက်နဲ့
ဒီမိုကရေစီကို သင်းသတ်ခဲ့တယ်။သူ့လက်နက်ကတော့
ကွန်မြူနစ်ဆန်တဲ့လူအုပ်ကြီးပါ။လူထုခေါင်းဆောင်ဟာ
အဲ့ဒီလူအုပ်ကြီးကို မပဲ့ပြင်မဆုံးမပဲမြှောက်ပေးခဲ့တယ်။
လက်နက်သဖွယ်အားကိုးပြီး ကျန်တဲ့လူအုပ်တွေကို
ချေမှုံးတိုက်ဖျက်ခဲ့တာ အားလုံးအမြင်ပါပဲ။

လူထုခေါင်းဆောင်လက်ထက်မှာ နိုင်ငံအပေါ်
တကယ်စေတနာရှိပြီးလုပ်နိုင်စွမ်းရှိတဲ့
ဘယ်ပါတီဘယ်နိုင်ငံရေးသမားမှ မြန်မာ့နိုင်ငံရေးမှာ
ရပ်တည်ခွင့်မရခဲ့ကြပါဘူး။ခေါင်းပြူလာတာနဲ့
သူတို့ရဲ့မူဝါဒတွေလုပ်ငန်းစဥ်တွေဘယ်လောက်အထိ
ကောင်းကောင်း လူထုခေါင်းဆောင်ရဲ့လူအုပ်ကြီးဟာ
ငါနဲ့မတူငါ့ရန်သူလုပ်ပြီး အပြတ်နှိပ်ကွပ်ကြတော့တာပဲ။
အဲ့လိုမျိုးသူ့လူအုပ်ကြီးက အုပ်စုဖွဲ့အနိင်ကျင့်နေတာကို
လူထုခေါင်း​ဆောင်ကမတားတဲ့အပြင် အားပေးခဲ့တယ်။

အဆိုးဆုံးကတော့ ပါတီနိုင်ငံရေးအတွင်းတင်မကပဲ
အောက်ခြေလူ့အဖွဲ့အစည်းအတွင်းမှာပါ မတူညီတဲ့
သဘောထားအမြင်နဲ့အသံတွေကို လူထုခေါင်းဆောင်ရဲ့
လူအုပ်ကြီးက နည်းမျိုးစုံနဲ့ နှိပ်ကွတ်ခဲ့တာပါ။
နိုင်ငံသားတိုင်း ပြည်သူအယောက်စီတိုင်းဟာ
ကိုယ့်အမြင်ကို တန်းတူထုတ်ပြခွင့်မရခဲ့ကြဘူး။
အကြီးမားဆုံးဆုံးရှုံးမှုကတော့ လူထုခေါင်းဆောင်ဟာ
ဒီမိုကရေစီအမည်ခံထားတာကြောင့် သူ့ရဲ့
ကွန်မြူနစ်အမူအကျင့်တွေကို ဒီမိုအမူအကျင့်လို့
လူအုပ်ကြီးက မှတ်ယူသွားတဲ့ ပြသနာပါ။

အကျိုးဆက်ကတော့ အခုတော်လှန်ရေးထဲကို
ကွန်မြူနစ်တွေ ဝင်ရောက်ချယ်လှယ်ဖို့အတွက်
လုံလောက်တဲ့အထိ လူအုပ်ကြီးထဲကို
ကွန်မြူနစ်အမူအကျင့်တွေစိမ့်ဝင်နေအောင်
လူထုခေါင်းဆောင်က ပျိုးထောင်ပေးခဲ့တာပါ။
သို့မဟုတ်မတော်တဆ သတိလက်လွတ်
ပျိုးထောင်ပေးခဲ့မိတာကြောင့် ကွန်မြူနစ်တွေဟာ
အလွယ်တကူပဲ တော်လှန်ရေးရဲ့ မူဝါဒအထိ
ကြိုးကိုင်ချယ်လှယ်နိုင်တာပဲ ဖြစ်ပါတယ်။

အခုဆိုရင် အရင်တုန်းကထက်တောင် ပိုဆိုးလာတယ်။
ကိုယ်ယုံကြည်တဲ့ လွတ်လပ်တဲ့အမြင်ဟာ
လူအုပ်ကြီးနဲ့ဆန့်ကျင်နေရင် မပြောရဲကြတော့ဘူး။
မပြောကြတော့ဘူး။ကိုယ်တိုင်လည်း ပို့စ်မတင်ခင်
ကွကိုယ်ဆင်ဆာလုပ်ပြီးမှတင်ရတဲ့အနေအထားပဲ။
အရင်တုန်းက အကောင့်အတုတွေကိုအထင်သေးပေမယ့်
အခုတော့ အကောင့်တုတွေကို ကိုယ်နဲ့တန်းတူထားပြီး
စာနာနားလည် သနားတတ်လာတယ်။

ခေတ်ကိုက ကိုယ်ယုံကြည်တဲ့ မှန်တယ်ထင်တဲ့
အမှန်တရားကို အကောင့်ပုန်းအကောင့်တုနဲ့
ပြောမှ လုံခြုံအဆင်ပြေတဲ့ခေတ်ဖြစ်နေတာကိုး။
732 viewsMinn Thet Naing, 07:03
Open / Comment
2021-10-08 07:33:51
ဝမ်းသာပါတယ်ဗျာ
1.1K viewsMinn Thet Naing, 04:33
Open / Comment
2021-10-07 09:29:17 မြန်မာအတွက် ပြင်သစ်က
လောက်လောက်လားလား
ဘာအကျိုးစီးပွားမှမရှိပါဘူး။

NUG ကိုထောက်ခံပြီး
နစက ကိုမထောက်ခံတာလည်းအပြစ်မပြောပါဘူး။
သူ့သဘောနဲ့သူပါ။

သို့သော်
သံတမန်ဆက်ဆံရေးမှာတော့ပြဿ နာရှိပါတယ်။
ထုတ်ဖော်ပြောဆိုကြေညာခွင့် မရှိပါဘူး။ ဟိုလူမှန်တယ်။ ဒီလူမှန်တယ်။ ဟိုလူနဲ့ဆက်ဆံမယ်။ ဒီလူနဲ့
ဆက်ဆံမယ် လုပ်လို့မရပါဘူး။

အခြေခံဥပဒေအရ မဲနဲ့တက်လာတဲ့အစိုးရကို
ဆက်ဆံရမှာဖြစ်သလို အခြေခံဥပဒေအရ
မှားယွင်းမှုကိုပြန်တည့်မတ် ချဉ်းကပ်နေတာကိုလည်း
လက်ခံရမှာပါ။

အခြေအနေမှန်ကို သိအောင်မလုပ်ဘဲနဲ့
တစ်ဘက်သတ်အမြင်နဲ့ဆုံးဖြတ်မှုကိုလက်ခံ
နိုင်စရာမရှိပါဘူး။

လက်ရှိဖြစ်နေတဲ့အခြေအနေမှန်ကို
လက်မခံချင်ရင်တောင် silent နေပေးတာက
သံတမန်ကျင့်ဝတ်နဲ့ညီပါလိမ့်မယ်။

တဆင့်တက်လာရင်
လုပ်သင့်တဲ့အဖြေကရှင်းရှင်းလေး။
သံရုံးပိတ်ပြီး သံအမတ်ကို
မောင်းထုတ်လိုက်ရုံကလွဲပြီးဘာမှမရှိ။

သူတောင်အမေရိကန်က သံအဖွဲ့ကို
သူ့အကျိုးစီးပွားထိလို့ ပြန်ခေါ်ရဲသေးတာပဲလေ။

geopolitics အရေရာ business အရေရာ
စစ်ရေး နိုင်ငံရေး မဟာဗျူဟာအရရော ဘာတန်ဖိုးမှ
မရှိတဲ့ပြင်သစ် ကို လွမ်းစရာမရှိပါဘူး။

သူ့ရဲ့အဓိက ရည်ရွယ်ချက်က
ကမ္ဘာမှာလူရာဝင်ချင်တာပါ။

ဒါကြောင့် သက်သက်မဲ့ နစကကို
အကျောကြီးနဲ့လွှမ်းမိုးတာ။

ပြင်းထန်စွာတုန့်ပြန်သင့်တယ်။

ဝင်းနိုင်သောင်း
၀၇ ၁၀ ၂၀၂၁။
1.3K viewsMinn Thet Naing, 06:29
Open / Comment
2021-10-06 12:48:07
ယောကျာ်းနှင့်ကလေးကို စွန့်ခွာပြီး အရေးတော်ပုံအတွက် တောခိုသွားသည့်အမျိုးသမီး တောထဲတွင် နောက်ကျ်ားဖြင့် သာယာနေပုံ ။
1.7K viewsMinn Thet Naing, 09:48
Open / Comment
2021-10-05 11:16:03
အရေးအခင်းဖြစ်ကာစက ပိုက်ဆံတွေအများကြီးသုံးပြီး လူတွေကို လမ်းပေါ်ဆွဲတင်ခဲ့ကြတာပါလား။
1.9K viewsMinn Thet Naing, 08:16
Open / Comment