Get Mystery Box with random crypto!

Online News Channel

Logo of telegram channel mtn812 — Online News Channel O
Logo of telegram channel mtn812 — Online News Channel
Channel address: @mtn812
Categories: News
Language: English
Subscribers: 3.20K
Description from channel

up to date news channel

Ratings & Reviews

3.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

1

1 stars

0


The latest Messages 4

2021-11-09 06:25:16 ကွမ်းခြံကုန်းမှာ သေသွားတယ်ဆိုတဲ့ ဇင်ဝေအောင်က စစ်ကားကို မိုင်းဆဲွဲ​ြပီး သေနတ်တွေနဲ့ ဝိုင်းပစ်တဲ့အထဲပါတဲ့ pdf တစ်ယောက်

ဘယ်စစ်သားမှလည်း ရိုက်နှက်တာမရှိဘူး

သူ့ရောဂါနဲ့သူသေတာ

နှလုံးထဖောက်လို့တောင် ရန်ကုန်ဆေးရုံကြီးကို ချက်ချင်းပို့ပေးခဲ့ကြတယ်

တူညီတာတစ်ခုက
အကြမ်းဖက်သမားတွေကြည့်လိုက်ရင် အခြားသူတွေကိုသာ ဝမ်းသာအားရ နှိပ်စက်ညှင်းပန်းတတ်ကြပေမယ့် ဖမ်းခံထိတဲ့အခါ အသည်းငယ်သွားတတ်ကြတာကိုပဲ

အခုလည်း သတင်းတွေမှာ ခြောက်​ြပစ်ကင်းလေးလို ရေးထားကြပြီး မန့်တွေမှာလည်း သူတော်ကောင်းလေးလို မန့်နေကြတာတွေ မြင်တော့ စပ်ဆုပ်ရွံရှာမိတယ်

သိထားဖို့က pdf ဆိုတာ ဘုရားလည်း စော်ကားဝံ့ သံဃာတော် နဲ့ မိဘ ဆရာသမားတွေကိုလည်း ဆဲဆို သတ်ဖြတ်ဝံ့သူတွေချည်းပဲဆိုတာလေးပါ။
1.2K viewsMinn Thet Naing, 03:25
Open / Comment
2021-11-08 13:06:52 PDF အကြမ်းဖက်သမားတို့၏သတ်ဖြတ်ခြင်းကြောင့် သေဆုံးသွားခဲ့ရသည့်
NLD ပါတီကို မဲထည့်ခဲ့သူ အထက်တန်းပြဆရာမ ဒေါ်လှလှသန်းသေဆုံးခြင်းအပေါ်
NLD ပါတီက ဝမ်းနည်းကြောင်းထုတ်ပြန်ခဲ့
သည့် ကြေညာချက်သည် အတုဖြစ်ကြောင်း
ကချင်ပြည်နယ် NLD ပါတီက သတင်းထုတ်ပြန်ခဲ့သည်။ NLD ပါတီကို မဲထည့်ခဲ့တဲ့
ကျောင်းဆရာမတစ်ယောက် PDF တွေ
သတ်ဖြတ်လို့သေရတာကိုသူတို့ ဝမ်းနည်းကြေကွဲခြင်း မဖြစ်ဘူးဆိုတဲ့သဘော။
1.2K viewsMinn Thet Naing, 10:06
Open / Comment
2021-11-08 05:26:40
1.2K viewsMinn Thet Naing, 02:26
Open / Comment
2021-11-08 05:26:31 ရခိုင်အမျိုးသား ဗကပ(UG)ဟောင်း
(ဦးကျော်မြ)၏ သမီး(၂)ဦးအား
PDF တို့ ဗုံးဖြင့်လုပ်ကြံခြင်း
****************************
ရခိုင်အမျိုးသား ဗကပ(UG)ဟောင်း
ဦးကျော်မြ(ကွယ်လွန်)၏ သမီး(၂)
ဦး အား CDM မပြုလုပ်ဟုဆိုကာ
ဒလန်အဖြစ်သတ်မှတ်ပြီး မန္တလေး
PDF အဖွဲ့များ ဦးကျော်မြ၏သမီး
(၂)ဦးနေထိုင်ရာ မန္တလေးမြို့ရှိ
နေအိမ်ခြံဝန်းအတွင်းသို့ ဗုံးဖြင့်ပစ်
ကာ တိုက်ခိုက်ခဲ့​ကြသည်၊ ဦးကျော်မြ
၏သမီး(၂)ဦး ထိုင်နေရာသို့ ဗုံးကျ
ရောက်သွားသော်လည်း ဗုံးမှာ မီးခိုး
များထွက်ပြီး ပေါက်ကွဲသွားခြင်းမရှိ
သောကြောင့် ဦးကျော်မြ၏ သမီး
(၂)ဦး အသက်ဘေးမှ လွတ်မြောက်
သွားခဲ့ရသည်။

PDF အဖွဲ့များသည် ဗုံးပေါက်ကွဲမှု
မရှိသဖြင့် ဦးကျော်မြ၏ သမီး(၂)ဦး
မသေဆုံးကြောင်း သိရှိကြပြီး
သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရန်
ဆက်လက်စီစဥ်နေကြောင်း သိရှိရ
သည်။

အဆိုပါဖြစ်စဥ်ကြောင့် မန္တလေးတိုင်း
အတွင်းမှ ရခိုင်တိုင်းရင်းသားများ
အနေဖြင့် PDF အဖွဲ့များအား လက်တုံ့
ပြန်ရန် လုပ်ဆောင်ကြတော့မှာဖြစ်ပြီး
AA ဌာနချုပ်၏ ညွှန်ကြားချက်ကို
စောင့်ဆိုင်းနေကြသည်ဟု သိရသည်။

ထို့အပြင် မြန်မာပြည်တဝှမ်းမှာရှိကြ
သည့် ရခိုင်တိုင်းရင်းသားများ အနေ
ဖြင့် PDF အဖွဲ့ဝင်တို့၏ သတင်းများ
ကို ကြိုတင် စုဆောင်းရယူခြင်းများ
အား ရခိုင်အမျိုးသားများ စတင်
လုပ်ဆောင်နေကြကြောင်းလည်းသိရ
သည်။

ရခိုင်အမျိုးသားဦးကျော်မြကို ၁၉၁၅
ခုနှစ်တွင် ပလက်ဝမြို့၌ မွေးဖွားခဲ့ပြီး
၁၉၃၃ တွင် စစ်တွေမြို့၌ (၁၀)တန်း
အောင်မြင်ကာ ၁၉၄၀ တွင် ရန်ကုန်
တက္ကသိုလ်မှ အင်္ဂလိပ်စာဖြင့် ဘွဲ့ရရှိ
ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့်
ဗကသ တွင်ပါဝင်ခဲ့ပြီး စစ်တွေဗကသ
ကို ဖွဲ့စည်းခဲ့သည်။ ၁၉၄၄တွင် ရခိုင်ဒေသ ဗမာပြည်ကွန်မြူနစ်ပါတီ ဖွဲ့စည်းရာတွင်ပါဝင်ခဲ့သည်။

၁၉၄၈ တွင် ရခိုင်ဒေသ ခုခံရေးစစ်ပွဲ
ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၁၉၅၈ တွင်
ဗက(ဗဟို)အရံကော်မတီဝင်၊ ၁၉၆၂
တွင် တင်းပြည့်ဗဟိုကော်မတီဝင်၊
၁၉၇၅ တွင် ဗကပ(ဗဟို)နိုင်ငံရေး
ဦးဆောင်အဖွဲ့ဝင်ဖြစ်လာသည်။

၁၉၉၁ တွင် စစ်ထောက်လှမ်းရေးက
ဖမ်းဆီးရမိပြီး နှစ်ရှည်ထောင်ကျသွား
ခဲ့ကာ ထောင်မှလွတ်ပြီး တရုတ်ပြည်
တွင်သွားရောက်နေထိုင်ခဲ့သည်။

အသက်(၉၀)အရွယ်တွင် တရုတ်ပြည်
၌ ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်
တွင် ဇနီး ဒေါ်ဦးစိန်နှင့် သား(၁)ဦး၊
သမီး(၄)ဦး ကျန်ရှိခဲ့သည်။

မူရင်းရေးသားသူ-
#MinnThetNaing
1.2K viewsMinn Thet Naing, 02:26
Open / Comment
2021-11-07 17:43:02 လုပ်ကြံသတ်ဖြတ်သူတွေကိုဖမ်းမိတာနဲ့သက်သေခိုင်လုံပြီဆိုရင်ဥပဒေအရတစ်ခါတည်းစစ်ခုံရုံတင်စစ်ဆေးသေဒဏ်ပေးသေဒဏ်စီရင်ပြီးသည့်ရက်ကိုလည်းပြည်သူသိအောင်ချပြခြင်း၊မိသားစုကိုလည်းပြင်းထန်စွာသတိပေးခြင်းတို့အားထိထိမိမိလုပ်လိုက်ပါ အကြမ်းဖက်တွေငြိမ်းသွားပါလိမ့်မယ်
ခုဟာကဖမ်းမိသူတွေတော့ကြေငြာတယ်ပြစ်ဒဏ်ချမှတ်တာကိုမကြေငြာဘူး၊ပြစ်ဒဏ်စီရင်တာကိုမကြေငြာဘူး
ပိုဆိုးတာကလွှတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွှတ်တာတွေကများနေတော့အကြမ်းဖက်လုပ်တဲ့သူတွေကမကြောက်တော့ဘူးတပ်ကမကြမ်းမှန်းသိတော့အေးဆေးပဲကျူးလွန်ဆဲကျူးလွန်မြဲပဲပေါ့
နောက်တစ်ချက်ကအသက်မပြည့်သေးတဲ့ကလေးဆိုရင်ပြစ်ဒဏ်ပေါ့မှန်းသိတော့အသက်မပြည့်တဲ့ကလေးတွေကိုစည်းရုံးသိမိးသွင်းစေခိုင်းလာတယ်
တပ်ကထိထိမိမိစစ်ခုံရုံနဲ့သေဒဏ်ပေးပြပါသေဒဏ်ကိုဘယ်နေ့ကစီရင်ပြီးကြောင်းကိုလည်းပြည်သူကိုပြန်ချပြပါ၊ အကြမ်းဖက်သူတွေရဲ့ပြစ်ဒဏ်မှန်သမျှကိုဘယ်အစိုးရတက်တက်ဘယ်လိုအခြေအနေတွေပဲဖစ်ပါစေလွှတ်ငြိမ်းချမ်းသာခွင့်မရရှိစေရဟုဥပဒေတစ်ခုထုတ်ပြန်အရေးယူလိုက်ပါအကြမ်းဖက်တွေငြိမ်သွားပါလိမ့်မယ်
ထွေအုပ်နဲ့ရဲက အကြမ်းဖက်သမားကိုအကာကွယ်ပေးထားတော့မကြာခဏလာတဲ့စစ်တပ်ကိုဂရုမစိုက်တော့ဘူးစစ်တပ်ကလည်းမြို့နယ်တွေမကျွမ်းတော့ရဲနဲ့ထွေအုပ်ကိုပဲအားကိုးရတယ်ဒီတော့အကြမ်းဖက်သမားကိုမနှိမ်နှင်းနိုင်ပဲအကြမ်းဖက်သတင်းပေးတဲ့ပြည်သူတွေကိုရဲနဲ့ထွေအုပ်ကအကြမ်းဖက်သမားထံပြန်သတင်းပေးပြီးအကြမ်းဖက်သမားကသတင်းပေးသူကိုဒလန်ဆိုပြီးပြန်သတ်လို့အပြစ်မဲ့ပြည်သူတွေသေရတယ်
တစ်ကယ်တမ်းမြို့နယ်တစ်ခုမှာဘယ်သူကိုသတ်တော့မယ်ဘယ်နေရာကိုဘာလုပ်တော့မယ်ဆိုတာမလုပ်ခင်ကတည်းကရဲနဲ့ထွေအုပ်ကသတင်းရပြီးသာဒါပေမဲ့မသိချင်ယောင်ဆောင်နေတယ်ဖြစ်ပြီးတော့လည်းစစ်တပ်ကပဲလိုအပ်တာလုပ်ဖို့သူတို့ရှောင်ပေးတယ်
အခုရပ်ကွက်လမ်းတွေထဲမှာ PDF တွေရှိနေပြီကျည်ဆံတွေနဲ့စာတွေပို့ပြီးခြိမ်းခြောက်တာတွေသတိပေးတာတွေကိုပေါ်တင်ပဲလုပ်တယ်ရဲနဲ့ထွေအုပ်သိတယ်ငြိမ်နေတယ်နောက်တော့သတ်တယ်
ဒီတော့တစ်ခုအကြံပေးလိုတာက
မြို့နယ်အလိုက်ထွေအုပ်နဲ့ရဲတွေကိုကိုယ်တာဝန်ယူရတဲ့မြို့နယ်အတွင်းအကြမ်းဖက်ဖြစ်စဥ်မဖြစ်ဖို့ပြည့်ပြည့်ဝဝတာဝန်ယူခိုင်းလိုက်ပါ
အကြမ်းဖက်ဖြစ်စဥ်ဖြစ်တာနဲ့ထွေအုပ်နဲ့ရဲတစ်ဖွဲ့လုံးကိုသတိပေးပါနောက်တစ်ကြိမ်ဖြစ်တာနဲ့အားလုံးကိုနယ်ပို့တာထုတ်ပစ်တာရာထူးလျှော့တာတွေကိုပြတ်ပြတ်သားသားလုပ်ကြည့်ပါ
မြို့နယ်အလိုက်အကြမ်းဖက်သမားတွေမိလာပါလိမ့်မယ်
လုပ်ကြည့်ပါနေရာတကာစစ်တပ်ကမဝင်ပါနဲ့ထွေအုပ်နဲ့ရဲတွေကိုသာသေချာကိုင်ပါငြိမ်သွားမှာပါ
မြို့နယ် နဲ့ ခရိုင်တွေမှာတွဲထားတဲ့တပ်ကအရာရှိတွေကိုပါရဲနဲ့ထွေအုပ်လို့ပြတ်ပြတ်သားသားကိုင်တွယ်သင့်ပါပြီ
အကြမ်းဖက်သမားတွေရဲ့အားသာချက်ကငွေပါငွေကိုလိုသလောက်စိတ်ကြိုက်ပေးထားပြီးစည်းရုံးထားတာပါ
ဒါကြောင့်ထွေအုပ်နဲ့ရဲအဖွဲ့တွေသူတို့ဆီတွဲထားတဲ့တပ်ကအရာရှိတွေအားလုံးကိုငွေနဲ့ပေါက်ထားပြီးဖြစ်ပါတယ်
မယုံရင်တစ်မြို့နယ်လောက်ကိုရှောင်တခင်ဝင်ရောက်စစ်ဆေးကြည့်ပါ
ပြည်သူတွေကိုယ်တိုင်ကစစ်တပ်ကိုမယုံရဲတော့ပါဘူး
ပြတ်ပြတ်သားသားလုပ်သင့်ပါပြီတပ်ချုပ်ကြီးခင်ဗျာ။

ပြည်သူတစ်ဦး
611 viewsMinn Thet Naing, 14:43
Open / Comment
2021-11-07 16:38:25 လိုင်းပေါ်တွင် NUG,PDF အကြမ်းဖက်တွေကိုထောက်ခံနေသူတွေ
အသတ်ခံရတဲ့သူတွေကိုဝမ်းသာအားရကိုယ်ချင်းမစာပဲထောက်ခံအားပေးနေသူတွေ
စစ်ပွဲတွေရဲ့ထင်ယောင်ထင်မှားဖြစ်နိုင်လောက်တဲ့လုပ်ကြံရေးသားသူတွေ
အကြမ်းသမား NUG ပရိုဖိုင်ချိန်းထားသူတွေ
အကြမ်းဖက်သမားတွေကိုမြောက်ပေးနေတဲ့အကောင့်တွေ
လိုင်းပေါ်မှာပေါ်တင်ပဲအလှူခံပေးနေတဲ့အကောင့်တွေ
သတင်းအမှားတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ပြည်သူတွေထင်ယောင်ထင်မှားဖြစ်စေအောင်ပိုစ့်တင်နေသူတွေ
စတဲ့အကြမ်းဖက်အားပေးသူအကောင့်တွေကို SS ယူပြီးနေ့စဥ်သတင်းမှာအမှုဖွင့်ခြင်း၊အပြင်မှာလည်းမိသလောက်ဖမ်းဆီးထိန်းသိမ်းခြင်း၊ဝရမ်းကပ်ခြင်း၊ ပိုင်ဆိုင်မှုတွေကိုထိန်းသိမ်းခြင်း စတာတွေကိုတစ်လလောက်လုပ်လိုက်မယ်ဆိုရင်
Fb ပေါ်မှာသတင်းမှားတွေအားပေးအားမြောက်ပြုနေသူတွေနည်းသွားမယ်
ဒါဆိုရင် Fb သုံးတဲ့ပြည့သူတွေသတင်းအမှန်ကိုသေချာစွာသိသွားမယ်
အကြမ်းဖက်သမားတွေရဲ့လှုပ်ရှားမှုနယ်ပယ်လဲနည်းသွားမယ်
အခုဖြစ်နေတာကလိုင်းပေါ်မှာ fb ပေါ်မှာစစ်တပ်ကအတော်ကိုအထိအခိုက်အကျအဆုံးများနေတယ်၊စစ်သားတွေစစ်ဗိုလ်တွေလဲ CDM လုပ်ပြီး အကြမ်းဖက်သမားတွေနဲ့ပူးပေါင်းနေပြီ၊စစ်တပ်ကဖွဲ့စည်းပုံပျက်နေပြီ
အကြမ်းဖက်တွေကအသာစီးကနေစစ်တပ်ကိုနိုင်နေပြီလို့ fb မှာဖြစ်နေတယ်စစ်တပ်က fb ကိုမလွှမ်းမိုးမထိုးဖောက်နိုင်ဘူးမြေပြင်သတင်းအမှန်ကိုပြည်သူတွေမသိဘူး
ဘယ်ပြည်သူမှလည်း MRTV,MWD ကိုမကြည့်သလောက်ပဲစစ်တပ်ကအသံလွှင့်ဌာနတွေဘယ်လောက်တိုးချဲ့တိုးချဲ့ဘယ်သူမှမကြည့်ဘူးစစ်တပ်ကမီဒီယာနဲ့fbမှာလုံးဝလုံးဝအကြမ်းဖက်သမားဖက်ကိုမယှဥ်နိုင်ဘူးဖြစ်နေတာကလည်းတစ်နိုင်ငံလုံးကိုထိန်းနိုင်ဖို့အတွက် ၃၀ ရာခိုင်နှုန်းအရေးပါတယ်
ဒါကြောင့်မီဒီယာနဲ့fbကိုထိန်းနိုင်ရင်အခုဖြစ်နေတဲ့အကြမ်းဖက်ကိစ္စတွေငြိမ်းသွားမယ်ဘာလို့လဲဆိုတော့ပြည်သူမပါတော့ဘူးလေ
အခုဟာက fb ကြောင့်ပြည်သူတွေအားလုံးပါသယောင်ဖြစ်နေတာပြည်သူတွေဒွိဟဖြစ်ရတာ
fb နဲ့ပြည်တွင်းပြည်ပကမမှန်သတင်းတင်နေသူတွေကိုနည်းလမ်းတစ်ခုရှာပြီးတုန့်ပြန်သင့်ပါပြီ
ကိုယ့်ကအစိုးရအလုံးစုံပြည့်ဝနေတာဘာလို့မလုပ်နိုင်ရမှာလဲလုပ်နိုင်တဲ့လုပ်ပေးလျင်သူတွေအများကြီးပဲ
ကြိုဆိုပြီးတာဝန်ပေးလိုက်ပါအစိုးရတောင်လုပ်စရာမလိုဘူးလုပ်နိုင်သူအများကြီးပါလို့အကြံပြုလိုပါတယ်

ဒီအတိုင်းသွားရင်မီဒီယာနဲ့fbကြောင့်အမှန်ကအမှားဖြစ်ပြီးအမှားကကမ္ဘာကျော်သွားပါလိမ့်မယ်ခင်ဗျာ။
700 viewsMinn Thet Naing, 13:38
Open / Comment
2021-11-07 05:07:23
တော်လှန်ရေးအတွက် ထန်တလန်မြို့
ကို မီးရှို့ခဲ့ကြသည့် ချင်းPDF အဖွဲ့
အား လေးစားဂုဏ်ယူကြောင်းနှင့်
စတေးသင့်တာတွေကို စတေးရမည်
ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်
ကြီး ဦးရည်မွန်ပြောကြား။
901 viewsMinn Thet Naing, 02:07
Open / Comment
2021-11-06 06:06:47 အထက်တန်းပြဆရာမကိုသတ်တဲ့တရားခံတွေကိုမြင်လိုက်တော့အတော်ကိုစိတ်မချမ်းသာစရာပါပဲ၊
ဒီအရွယ်တွေဆိုတာမိဘအုပ်ထိန်းမှုအောက်မှာပဲရှိနေသင့်တဲ့အရွယ်တွေပါ၊သူတို့ရဲ့အနာဂတ်တွေဟာအများကြီးတောက်ပလင်းလက်နေတုန်းပါပဲ
၊ဒီလိုကလေးတွေကိုစတေးခံဖို့ NLD အကြမ်းဖက်တွေအသုံးချခိုင်းတာကအတော်ကိုကြောက်စရာကောင်းတဲ့အကြံပါပဲ။

ဒီကလေးတွေကိုယ့်ဆရာမကိုတောင်ပြန်သတ်ရဲတဲ့အထိဖြစ်လာတာသမရိုးကြတော့မဟုတ်နိုင်ဘူး။
စစ်အစိုးရကိုလည်းမမီဘူးဒီမိုကရေစီအစိုးရလက်ထက်မှာလည်းကလေးသာသာရှိသေးတဲ့ဒီကလေးတွေကို NLD က ဘာစိတ်တွေများရိုက်ထည့်မှိုင်းတိုက်ခဲ့တာလဲ။

အသက်မပြည့်တဲ့ကလေးမို့ပြစ်ဒဏ်သေးမယ်၊အချိန်တန်ပြန်လွှတ်မယ်ဆိုပြီး စတေးကြတာလား၊
ဒါမှမဟုတ်စစ်တပ်ကိုမုန်းတီးနာကျည်းစိတ်တွေကိုမဟုတ်မမှန်လုပ်ကြံပြီးရိုက်ထည့်ကာ စိတ်ရိုင်းတွေသွင်းထားခဲ့တာလား။
NLD အကြမ်းဖက်သမား NUG တွေ၊PDF တွေဟာကမ္ဘာ့အကြမ်းဖက်သမားတွေထက်တောင်ကြောက်ဖို့ကောင်းတဲ့ကွန်မြူနစ်အစွန်းရောက်စိတ်တွေဖြစ်ကုန်ကြပြီ
ဘုရားမသိ၊တရားမသိ၊မိဘမသိ၊ဆရာမသိ၊ကောင်းတဲ့ဓမ္မဆိုတာဘာမှမသိတော့တဲ့ နားကန်းတွေဖြစ်ကုန်ပြီ။

ငါတို့အာဏာပြန်မရရင် မထောက်ခံသူအားလုံးသေရမယ်ဆိုတဲ့စိတ်တွေနဲ့မြန်မာပြည်ကြီးအလုံးစုံပျက်သုန်းရေးကိုတိုက်ရိုက်ဦးတည်နေတာသေချာပြီပေါ့ ။

အဲ့တော့အခုလိုအသက်မပြည့်သေးတဲ့ကလေးတွေ၊လူငယ်လေးတွေဘယ်လောက်တောင်များ အခုလိုစိတ်ရိုင်းတွေနဲ့သွေးဆူနေကြပြီလဲ၊ NLD အကြမ်းဖက်တွေအစိုးရလုပ်ခဲ့တဲ့ ၅ နှစ်ကာလမှာအခုလိုပဲမြန်မာပြည်ကြီးအလုံးစုံပျက်သုန်းရေးအတွက်လူငယ်လူရွယ်ကလေးတွေဘယ်လောက်များများကို စတေးခံဦးမှာလဲ။

နစကကြီးအနေနဲ့အပ်နဲ့ထွင်းရမဲ့ကိစ္စတွေကိုပေါက်ဆိန်နဲ့ထွင်ရမဲ့အခြေအနေတစ်ခုမရောက်အောင်လုပ်သင့်တာလုပ်ကြဖို့အချိန်တန်ပါပြီ။

ဒီအတိုင်းဆိုရင်မြန်မာပြည်မှာရှိနေတဲ့အနာဂတ်မျိုးဆက်လူငယ်လူရွယ်ကလေးတွေရာခိုင်နှုန်းတော်တော်များများဖျက်ဆီးပြီး တိုင်းပြည်ကိုထူထောင်မဲ့မျိုးဆက်တွေနည်းသွားပါလိမ့်မယ်။

အထူးသတိထားပြီးနည်းလမ်းမျိုးစုံနဲ့ထိန်းသိမ်းကာကွယ်သင့်ပါပြီ။
မိမိရာထူးနေရာကပြုတ်မှာမတည်မြဲမှာစိုးလို့အောက်ခြေမှာဖြစ်နေတာတွေကိုတပ်ချုပ်ကြီးထံ အမှန်အတိုင်းမတင်ပြကြတဲ့နိုင်ငံတော်အဆင့်ရာထူးကြီးယူထားသူတွေကိုအမြန်လဲလှယ်သင့်ပါပြီ။တိုင်းပြည်ကိုတစ်ကယ်ချစ်ပြီးကိုယ်ကျိုးမငဲ့ပဲ အောက်ခြေပြည်သူတွေရဲ့ဘဝတွေကို စာနာတတ်တဲ့လူကြီးတွေကိုအမြန်နေရာပေးပြီးတိုင်းပြည်ကိုကယ်တင်ပါတပ်ချုပ်ကြီးခင်ဗျာ။

တပ်ချုပ်ကြီးအနားက ဘာမဆိုအဆင်ပြေပါတယ်၊ကောင်းပါတယ်၊ရပါတယ်၊စိတ်ချပါလို့ဖားယားပြီးအောက်ခြေသတင်းအမှန်ကိုမတင်ပြရဲသူတွေကိုဆက်ထားနေရင်တပ်ချုပ်ကြီးရဲ့ဂုဏ်သိက္ခာနိုင်ငံရဲ့ဂုဏ်သိက္ခာအတော်ကိုကျဆင်းပါလိမ့်မယ်
အခုကာလကအထိအရှမခံတဲ့ကာလဖြစ်ပါတယ်။

တပ်ချုပ်ကြီးအနေနဲ့သူတို့တင်ပြတဲ့နေရာတွေခေါ်သွားတဲ့နေရာတွေကိုပဲလိုက်ကြည့်လိုက်စစ်မနေသင့်ပါ။
တပ်ချုပ်ကြီးစစ်ချင်သွားချင်တဲ့နေရာကို ရှောင်တခင်သွားကြည့်ပါ၊အောက်ခြေပြည်သူတွေရဲ့ပြောစကားတွေကိုနားထောင်ပေးပါက တိုင်းပြည်ရဲ့ပကတိအခြေအနေမှန်ကိုသိရမှာဖြစ်ပါတယ်။

​နီပိတ်တစ်ယောက်ကိုထောင်ကလွတ်ငြိမ်းခွင့်ပြုရင် အပြစ်မဲ့ပြည်သူဆယ်ယောက်သေနိုင်ပါတယ်။
ရပ်ကွက်တွေလမ်းတွေမှာ NLD အကြမ်းဖက်ပါတီဝင်တွေ အခုလိုအေးအေးဆေးဆေးသွားလာလှုပ်ရှားနေတဲ့အတွက်အပြစ်မဲ့ပြည်သူတွေဟာဘယ်အချိန်အစားခံရမယ်မသိတဲ့ကျားလှောင်အိမ်ထဲထည့်ထားတဲ့သမင်တွေလိုဖြစ်နေပါတယ်။

ဒါတွေကိုတပ်ချုပ်ကြီးတိတိကျကျသိစေချင်ပါတယ်။
ဒါမှတပ်ချုပ်ကြီးအနေနဲ့ပြည်သူတွေအကျိုးကိုရှေ့ရှု့ပြီးထိရောက်တဲ့ဆုံးဖြတ်ချက်မျိုးကိုချမှတ်နိုင်မှာဖြစ်ပါတယ်။

တပ်ချုပ်ကြီးကိုချစ်တဲ့ပြည်သူတွေအများကြီးရှိနေတာကိုသိရဲ့နဲ့တပ်ချုပ်ကြီးအနားမှာရှိတဲ့ မိမိရာထူးတည်မြဲရေးအတွက်ဖော်လှန်ဖားတွေကြောင့်တပ်ချုပ်ကိုချစ်တဲ့ပြည်သူတွေမမုန်းကြပါစေနဲ့လို့အကြံပြုပါရစေခင်ဗျာ။

တိုင်းပြည်ကြီးကောင်းစားဖို့နဲ့ဖခင်တပ်ချုပ်ကြီးမှဖခင်ပီသမှုတွေကိုမြင်ချင်တဲ့ဆန္ဒနဲ့တင်ပြခြင်းဖြစ်ပါတယ်။
571 viewsMinn Thet Naing, 03:06
Open / Comment
2021-11-06 04:11:10 အခုအကြမ်းဖက်လုပ်တဲ့သူတင်မကပဲ၎င်းတို့နေရာတွေကိုပါခြေရာခံပြီးချက်ခြင်းမိလာတာကတော့
Control Center. ကြီးပြန်အသက်ဝင်လာလို့ပါပဲအရင်တုန်းကအဲ့ဒီ Control Center ကြီးကိုသုံးမရအောင်လို့နီပိတ်ထောက်ခံအစိုးရဝန်ထမ်း Silent CDM ပုဂ္ဂိုလ်အကောင်ကြီးကြီးတစ်ကောင်ကနည်းလမ်းမျိုးစုံနဲ့လုပ်ထားခဲ့တာပါ
ရဲတွေရဲ့အဂတိလာဘ်စားမှုကိုလည်းဒီ Control Center ကြီးကတိတိကျကျဖမ်းပေးနိုင်တော့ရဲတွေကလည်းမကြိုက်ဘူးအလိုတူအလိုပါညစ်ပြီးသုံးမရအောင်လုပ်ထားခဲ့တာ
အခုတော့တာဝန်သိပြည်သူအချို့ရဲ့တိကျသေချာစွာတင်ပြခဲ့မှုကြောင့်အဆင်ပြေသွားခဲ့ပြီး
အကြမ်းဖက်လုပ်သမျှချက်ခြင်းဖမ်းနိုင်သည်အဓိအဆင်ပြေနေအာပြီ
NLD အကြမ်းဖက်သမား PDF နဲ့ဆေးသမားတွေကိုယ့်အထုတ်ကိုယ်ပိုက်ပြီးလွှတ်ရာရှောင်မလားကြိုးစင်ကိုတက်မလား
ဆက်ပြီးမိုက်နေဦးမှာလားစဥ်းစားပါ
အဂတိလာဘ်စားနေတဲ့ရဲတွေလဲသတိသာထားပါတော့
အဲ့ဒီစင်တာကြီးကိုခပ်ကြီးကြီးတပ်ကပုဂ္ဂိုလ်ကြီးကိုယ်တိုင်စနစ်တကျကွပ်ကဲနေပါတယ်
အကြမ်းဖက်မှုမှန်သမျှပျက်သုန်းကြေမွပျောက်ကွယ်ပါစေ။
633 viewsMinn Thet Naing, 01:11
Open / Comment
2021-11-03 05:35:01 ပြည်သူကို အာလူးတွေပေးပြီး ဂျင်းတွေကျွေးခဲ့တဲ့ ဒေါ်စုကြည် ....
၂၀၁၀ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ USDP ပါတီအုပ်ချုပ်တဲ့(၅)နှစ်တာ ကာလဟာ ပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ အစစအရာရာအဆင်ပြေပြီး၊တိုင်းပြည်စီးပွားရေး၊လန်းပမ်းဆက်သွယ်ရေး၊လျှပ်စစ်မီးရရရှိမှု၊ဝန်ထမ်းလစာနဲ့အငြိမ်းစားပင်စင် (၃)ကြိမ်တိုးမြှင့်ပေးမှုတွေအပါအဝင် ဘက်စုံဖွံ့ဖြိုးတိုးတက်ခဲ့တာ ပြည်သူအားလုံးအသိပဲဖြစ်ပါတယ်။

ဘာသာရေးအခမ်းအနားတစ်ခုမှာ သီတဂူဆရာတော်ကြီးက သမ္မတကြီးဦးသိန်းစိန်ကိုမိန့်ကြားဘူးတယ်၊ "ဒါယကာကြီးတို့သာ နောက်(၅)နှစ်ဆက်ပြီး အုပ်ချုပ်နိုင်မယ်ဆိုရင် တိုင်းပြည်ဟာ ဒီထက်အများကြီး တိုးတက်လာမှာမို့ နောက်(၅)နှစ်ကိုလည်း ဒါယကာကြီးတို့ဆက်ပြီး အုပ်ချုပ်ခွင့်ရရင်ကောင်းမယ်"လို့ မိန့်ကြားတယ်၊ ပညာရှိသူတော်ကောင်းရဲ့ မိန့်မှာစကားနော်။

မသိနားမည်မှု မောဟစိတ်တွေများနေတဲ့ ပြည်သူတွေဟာ အစစအရာရာ အဆင်ပြေအောင် ကြိုးစားလုပ်ဆောင်ခဲ့တဲ့ USDP ပါတီရဲ့ ကျေးဇူးတရားကို မေ့လျော့လစ်လျူပြူခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ မဲထွက်ပေးကြဖို့ ပျက်ကွက်ခဲ့ကြပါတယ်။

NLD ပါတီကို ဝန်းရံထောက်ခံသူများကတော့ NLD အတွက်မဲထွက်ပေးခဲ့ကြပါတယ်၊ NLD ပါတီကို မဲပေးသူ ၁၂သန်းကျော်သာ ရှိပါလျှက်နဲ့ NLD ပါတီဟာ ရွေးကောက်ပွဲမှာမဲနိုင်ပြီး အစိုးရဖွဲ့ခွင့်ရသွားခဲ့ပါတယ်။

အဲ့ဒီလို NLD ပါတီ အစိုးရဖွဲ့သွားနိုင်တာကပဲ တိုင်းပြည်နဲ့ ပြည်သူလူထုတွေ ကြမ္မာဆိုးကျရောက်လာခြင်းရဲ့ ကနဦး စတင်ခြင်းလို့ပဲဆိုရမှာပါ။

အစိုးရဖွဲ့ခွင့်ရသွားတာနဲ့ ဒေါ်စုကြည်နဲ့ NLD အမတ်တွေဟာ ထင်တိုင်းကျဲကြတော့ပါပဲ၊ ယခင်အစိုးရလုပ်သွားခဲ့တဲ့ စီမံကိန်းတွေ ရပ်ဆိုင်းလိုက်တာတွေ၊ ဆောက်လုပ်ဆဲ အထပ်မြင့်အဆောက်အဦးတွေ ဆက်လုပ်ခွင့်မပေးတာတွေ၊ သင်္ကြန်မဏ္ဍပ်တွေခွင့်မပြုခြင်း၊ မဘသအဖွဲ့ကြီးကိုဖျက်ပစ်ခြင်းတွေ၊အမျိုးသားရေးဆရာတော်နဲ့ အမျိုးသားရေးသမားတွေကို ဖမ်းဆီးထောင်ချခြင်းတွေ အများကြီးမှအများကြီး အမှားတွေကို ဆက်တိုက်ကျူးလွန်ခဲ့ကြတယ်။

USDP အစိုးရလက်ထက် ရွှေတစ်ကျပ်သား ၇သိန်းကျော်ကနေ ၁၂သိန်းအထိဖြစ်သွားသလို၊ US တစ်ဒေါ်လာ ၁၀၅၀ကျပ်ဝန်းကျင်ကနေ ၁၃၀၀ကျပ်ကျော်သည်အထိဖြစ်သွားခဲ့တယ်။

လျှပ်စစ်မီတာခတွေ သုံးဆတိုးကောက်တယ်၊ ကုန်စျေးနှုန်းတွေတက်လာတာကို မထိန်းနိုင်ဘူး၊ USDP လက်ထက် သိန်းတစ်ရာကို ကသုံးစီးဝယ်လို့ရရာကနေ NLD လက်ထက်မှာ တစ်စီး သိန်း ၂၀၀ ကျော်ဖြစ်သွားတဲ့အထိ စီမံခန့်ခွဲမှု အလွဲ​ပေါင်းများစွာတွေ လုပ်ဆောင်ခဲ့ကြတယ်။

ဒေါ်စုကြည်ဟာ အဂတိကင်းစင်တဲ့ အစိုးရဖြစ်ရပါစေမယ်လို့ အာမခံခဲ့ပေမယ့် NLD အစိုးရအဖွဲ့အတွင်းမှာ အဂတိလိုက်စားမှုတွေအများအပြားဖြစ်နေတာကိုလည်း တာဝန်ယူမှုမရှိခဲ့တာကို တွေ့ရပါမယ်။

တစ်ကမ္ဘာလုံးမှာ အဂတိကင်းတဲ့ အစိုးရဆိုတာမရှိပါဘူး၊ အနည်းနဲ့အများ ရှိနေကြပါတယ်၊ မြန်မာပြည်က အးစိုးရအဆက်ဆက်မှာလည်း ရှိခဲ့ကြပါတယ်၊ NLD ပါတီကလူတွေဟာ ဘာသားနဲ့ထုထားတာမို့လို့ အဂတိကင်းစင်ရမှာလဲ၊ မဖြစ်နိုင်တဲ့ ကတိတွေမပေးခဲ့သင့်ဘူး၊ NLDကလူတွေလည်း ပါးစပ်ပါတယ်၊ မိသားစုရှိတယ်၊ လုပ်ပိုင်ခွင့်ရသွားချိန်မှာ ခိုးကြတာပဲ၊ ခိုးကြတာချင်းအတူတူမှာ သူတို့က ပိုလို့တောင်သာပါသေးတယ်။

အဲ့လိုနဲ့ (၅)နှစ်ပြည့်ခါနီးအချိန်မှာ NLD ပါတီဟာ မစွံပါဘူး၊ အပြောတခြား အလုပ်တခြားဖြစ်နေတယ်၊တိုင်းရင်းသားတွေနဲ့လည်း ရင်ကြားမစေ့နိုင်သလို ဒီမိုကရေစီနဲ့ သွေဖယ်ပြီး တစ်ပါတီအာဏာရှင်ဆန်နေပြီဆိုတာကို ပြည်သူတွေ နားလည်သဘောပါက်နေကြတာကို ဒေါ်စုကြည်နဲ့ NLD ခေါင်းဆောင်တစ်စုဟာ ရိပ်မိသိရှိပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ဒို့ပါတီတော့ မဲအပြတ်အသတ်နဲ့ မနိုင်နိုင်တော့ဘူး၊ နောက်တစ်ကြိမ်အစိုးရဖွဲ့နိုင်ဖို့လည်းမသေချာတော့ဘူးဆိုပြီး မဲခိုးပြီး အနိုင်ရအောင် ဇွတ်လုပ်ကြတော့တာပါပဲ။

အဲ့တာက တပ်မတော်က အခြေခံဥပဒေနဲ့အညီ အာဏာဝင်ထိန်းရဖို့ဖြစ်လာရတဲ့ အကြောင်းတရားစစ်စစ်ပဲဖြစ်ပါသည်၊ အကြောင်းရှိလို့ အကျိုးဖြစ်လာရတာပဲလေ။

အတိုချုပ်ပြောရရင် NLD ပါတီက မဲမခိုးခဲ့ရင် တပ်မတော်ကလည်း အာဏာထိန်းမှာမဟုတ်ဘူး။

#MMT
991 viewsMinn Thet Naing, 02:35
Open / Comment