Get Mystery Box with random crypto!

Mratt's Channel

Channel address: @mrattkyawthu
Categories: Telegram
Language: English
Subscribers: 137.18K
Description from channel

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Ratings & Reviews

2.67

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

1


The latest Messages 19

2022-05-25 13:19:05 ဒါ့အပြင် ရဆလ (၁) လို့ မြင်လိုက်ရင် ပုံမှန်အားဖြင့် စစ်တပ်လို့ပဲ ထင်ရပေမယ့် ရေတပ်အခြေချ ဆေးသိုလှောင်ရေးတပ် ဖြစ်နေပြီး လုံခြုံရေးအားနည်းတဲ့နေရာ ဖြစ်နေတယ်ဆိုတာကို The Fifth Column က သိပါတယ်။

“ဟာ ဒါတွေကို ဘယ်လိုလုပ်ပြီး သိနေတာလဲ” လို့ မေးရင် ဟိုးအစကတည်းက The Fifth Column ကို သတင်းပေးခဲ့ကြသူ သတင်းတပ်သားတွေကြောင့်ပါပဲ။ သတင်းပေးသူတွေကတော့ ‘သူတို့ဘာသာ’ အရေးမကြီးဘူးလို့ ထင်ရတဲ့ နေ့စဉ်မြင်တွေ့နေကျ အချက်အလက်သေးသေးလေးတွေ ဖြစ်ပေမယ့် The Fifth Column ဆီရောက်လာရင်တော့ Jigsaw Puzzle (အောက်က ဓာတ်ပုံကိုကြည့်ပါ) ဆက်ရသလို သေးသေးလေးတွေပေမယ့် စုပေါင်းလိုက်ရင် အဓိပ္ပါယ်ပေါ်ပြီး အကောင်မြင်ရတဲ့ ရုပ်ပုံကားချပ်ကြီးကို ရတာပါပဲ။
11.6K views10:19
Open / Comment
2022-05-25 13:18:36
10.5K views10:18
Open / Comment
2022-05-25 13:18:28 မြင်သာမယ်ထင်ပါတယ်။ သတင်းစုဆောင်းနေတဲ့ The Fifth Column မှာ အစနဲ့အဆုံး သိရပေမယ့် အလယ်မှာ ပြတ်သွားတာတွေ၊ အလယ်ပွိုင့်တွေသိရပေမယ့် အဆုံးမှာ ပြတ်သွားတာတွေ မဖြစ်အောင် ‘စနစ်တကျ’ ပြုစုနေတဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ တပ်တည်၊ တပ်လှုပ် စာရင်းရှိပါတယ်။ ဒါကြောင့် ကိုယ်မြင်လိုက်တဲ့အချက်အလက်၊ စစ်တပ်နဲ့ပတ်သက်တာ ဘာကိုပဲ မြင်မြင် မြင်လိုက်သမျှ သတင်းပေးကြဖို့ ဆော်သြလိုပါတယ်ခင်ဗျာ။

နောက်တစ်ခုကတော့ The Fifth Column ဟာ NUG နဲ့ မိတ်ဖက်အဖွဲ့တွေအပါအဝင် NUG နဲ့ သီးခြားလုပ်ကိုင်နေတဲ့ ကျန်တော်လှန်ရေးအဖွဲ့တွေကိုလည်း သတင်းအချက်အလက်၊ အကြံဉာဏ်တွေ ပေးနေပါသေးတယ်။ ဟိုးအရင်က ပြောခဲ့သလို The Fifth Column ဟာ ဘယ်သူ့ထိန်းချုပ်မှုအောက်မှာမှ မရှိ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုပါ။ ဒါကြောင့်ပဲ တော်လှန်ရေးကို အောင်မြင်စေလိုတဲ့ မည်သည့်အဖွဲ့အစည်း လူပုဂ္ဂိုလ်အတွက် မဆို အကူညီပေးဖို့၊ အတူတူအလုပ်တွဲလုပ်ဖို့ အဆင်သင့်ပါ။

ဒါ့အပြင် လက်ရှိ မြေပြင်က တချို့အဖွဲ့တွေဟာ မစခ လို့ မြင်လိုက်ရင်၊ ရဆလ လို့ မြင်လိုက်ရင်၊ သစခ လို့ တွေ့လိုက်ရင်၊ ဒါမှမဟုတ် ဒစခ လို့ တွေ့လိုက်ရင် စစ်တပ်လို့ သိပေမယ့် ဘာလုပ်နိုင်တယ်၊ ဘာကိုစွမ်းဆောင်နိုင်တယ်ဆိုတာ မသိကြပါဘူး။ ဒါက တိုက်ခိုက်ရေး လုပ်နေကြသူတွေရဲ့ အလုပ် မဟုတ်ပါဘူး။ သူတို့မှာ ငွေရှာရတာ၊ လက်နက်ကိစ္စ စသဖြင့် များလွန်းသလို သတင်းအချက်အလက်၊ မြေပုံကျွမ်းကျင်မှုအတွက် အားနည်းကြပါတယ်။

ဒါပေမယ့် The Fifth Column ကတော့ အဲ့ဒီလို အတိုကောက် စာလုံးမြင်လိုက်တာနဲ့ နောက်က အချက်အလက်တွေကိုပါ တစ်ဆက်တည်း သိပါတယ်။ ဥပမာ မစခ (၉၀၁) လို့ မြင်လိုက်တာနဲ့ ဒါဟာ အမြောက်စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် အမှတ် ၉၀၁ ဖြစ်ပြီး ဘယ်မြို့နယ်မှာ လောင်ဂျီကျုဘယ်လောက် လတ္တီကျု ဘယ်လောက်မှာ ရှိတယ်ဆိုတာက အစ သိပါတယ်။ (အောက်က ဓာတ်ပုံကို ကြည့်ပါ)
10.9K views10:18
Open / Comment
2022-05-25 13:17:43
10.6K views10:17
Open / Comment
2022-05-25 13:17:32 နေ့တိုင်း တော်လှန်စိတ်ကို နှလုံးသွင်းပြီး
လောင်မြိုက် မနေနိုင်လို့
ကိုယ့်ဘာသာ မကျေမချမ်း ဖြစ်ရပါတယ်။

ဘာလို့လဲဆိုရင် စစ်အုပ်စုကို ထောက်ခံသူတွေနဲ့ စစ်အုပ်စု နောက်လိုက်တွေဟာ သူတို့ ကျင်လည်ရာ နေရာတွေမှာတော့ ပီဒီအက်ဖ်ကို ထောက်ခံသူတွေ၊ စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့သူတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) NLD ကို ထောက်ခံသူတွေရဲ့ နေရပ်လိပ်စာတွေ၊ ဖုန်းနံပါတ်တွေ နေ့စဉ်နဲ့မပြတ် ဖော်နေတာ တွေ့ရတာကြောင့်ပါပဲ။

လေ့လာကြည့်တော့ အရင်က ပြည်ထဲရေး ရဲသတင်းပေးတွေဆီက လာတာမျိုးတွေ မဟုတ်ဘဲ စစ်တပ်ကို ထောက်ခံသူ၊ စစ်တပ်အကျိုးစီးပွားနဲ့ တိုက်ရိုက် ဆက်စပ်နေသူတွေက ဒီအချက်အလက်တွေကို ဖော်နေတယ်ဆိုတာကို တွေ့ရပါတယ်။

ဒါပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်မှာ သတင်းရရှိမှု အတော် အားနည်းလာပါတယ်။ အရင်ကတော့ စစ်တပ်နဲ့ပတ်သက်ပြီး မြင်မြင်သမျှကို သတင်းပေးကြပေမယ့် ခုနောက်ပိုင်းမှာ သတင်းရရှိမှု အားနည်းတော့ ကွင်းဆက်တချို့ကို ဆက်မရဘဲ ပြတ်တောင်း ပြတ်တောင်းတွေ ဖြစ်နေတယ်လို့ မြို့ပြ၊ မြေအောက်အပြင် NUG လက်အောက်က မိတ်ဖက်အဖွဲ့တွေက ဆိုကြပါတယ်။

ဒါ့အပြင် မီးပြတ်တာ၊ နေ့စဉ်စားဝတ်နေရေး၊ အင်တာနက်အသုံးပြုခ၊ ဖုန်းဘေ၊ ပူလောင်တဲ့ ရာသီဥတု အပါအဝင် နေ့စဉ်အခက်အခဲတွေကြောင့် ပတ်ဝန်းကျင်ကို ဟိုးအရင်ကလောက် သတိမပြုမိတော့ဘဲ အသက်ရှင်ရပ်တည်ရေးအတွက် လုံးပမ်းရတာတွေကြောင့် ပါပါတယ်။

တချိန်တည်းမှာပဲ အညာဒေသမှာတော့ တစ်ရက်တစ်ရက် မီးရှို့ခံရတဲ့ ရွာအရေအတွက် တိုးလာနေသလို သတ်ဖြတ်ခံရသူ ဦးရေဟာလည်း တဖြည်းဖြည်း မြင့်လာနေပါတယ်။ ခုဆိုရင် အညာဒေသက သတင်းတွေဟာ ပြတ်သလောက် ဖြစ်နေပါပြီ။ ဒါကြောင့် ဖုန်းလိုင်းရသေးတယ်၊ အင်တာနက် သုံးလို့ရနေသေးတယ်ဆိုရင် သတင်းပေးပို့မှုကို အနည်းငယ် အာရုံစိုက်ဖို့ လိုမယ်ထင်ပါတယ်။

တော်လှန်ရေးထဲ ထဲထဲဝင်ဝင်ပါနေပြီး သတင်းစုဆောင်းပေးနေကြသူတွေ ရှိပေမယ့်လို့ နေ့စဉ် လှုပ်ရှားသွားလာနေကြတဲ့ သာမန်အရပ်သူ အရပ်သားတွေရဲ့ သတင်းပေးပို့မှုက အဓိက ကျတဲ့နေရာမှာ ရှိပါတယ်။

တချို့ကတော့ ထင်နိုင်ပါတယ်။ စစ်တပ်အရွှေ့အပြောင်း သို့မဟုတ် စစ်ကား ၃ စီးလောက် ကိုယ့်ဘေးနားက ဖြတ်သွားတာ ကိုယ့်အိမ်ရှေ့ကို ဖြတ်သွားတာ ဘာအရေးကြီးမှာလဲလို့ မေးနိုင်ပါတယ်။ အင်မတန် အရေးကြီးပါတယ်။ ဥပမာ တစ်ခု ပြပါ့မယ်။

ကလောမှာ အပန်းဖြေနေတဲ့ လူတစ်ယောက်က စစ်ကား ၆ စီးမြင်လိုက်တာကို ဒီအတိုင်းပဲ ဘာမှ မဟုတ်ဘူးလို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် နောက်ကွယ်မှာရထားတဲ့ သတင်းတွေကို ဆက်လိုက်ရင် အဲ့ဒီ ကလောမှာ မြင်လိုက်တဲ့ ကား ၆ စီးက အင်မတန် တန်ဖိုးကြီးသွားနိုင်ပါတယ်။

ဘာလို့ဆိုရင် အဲ့ဒီမတိုင်ခင်က မိတ္ထီလာကနေ စစ်ကား ၆ စီးထွက်သွားပြီး ကလောမှာ သတင်းပေးသူမရှိတော့ ပြတ်သွားပါတယ်။ အဲ့ဒီကနေ အောင်ပန်းမှာလည်း မြင်လိုက်ကြပေမယ့် သတင်းမရတော့ မဆက်စပ်နိုင်တော့ဘဲ သိပ်မကြာခင် တောင်ကြီးမှာ စစ်ကား ၆ စီးတွေ့တယ်ဆိုရင် ဘယ်ကလာတဲ့ကားဆိုတာကို ဒေသခံ ပီဒီအက်ဖ်တွေ မြေအောက်အဖွဲ့တွေတောင် လက်လှမ်းမမီဘဲ မသိတော့ပါဘူး။

ဒီနေရာမှာ စစ်ကား အစီးရေကိုတင် မြင်လိုက်တာ မဟုတ်ဘဲ တပ်သားအရေအတွက်ကို မြင်လိုက်ရင် ပိုပြီး အကျိုးများနိုင်ပါတယ်။ မိတ္ထီလာမှာ ရှိနေတဲ့ တပ်ကထွက်လာတဲ့ ကား ၆ စီးမှာပါလာတဲ့ ပမာဏ (စစ်ထွက်အင်အား) ကို တွက်နိုင်ရင် တပ်ရင်းတပ်မထဲမှာ ကျန်ခဲ့တဲ့ (နောက်ချန်အင်အား) ကိုပါ ခန့်မှန်းနိုင်သလို ထပ်ပြီးတော့ တပ်ရင်းတပ်မ တပ်တွင်းထဲကနေ သတင်းတွေ ရရှိမယ်ဆိုရင်လည်း ကိုင်သွားတဲ့လက်နက်၊ သုံးတဲ့ကျည်ဆန် အမျိုးအစားကအစ တိတိကျကျ သိရှိနိုင်မှာ ဖြစ်ပါတယ်။ (အောက်က ဓာတ်ပုံကို ကြည့်ပါ)
14.0K views10:17
Open / Comment
2022-04-04 18:03:51
အတွေးအမြင် ဆောင်းပါး

ပြည်နယ်တွင်းတွင် အပစ်ရပ်ကာလ တိုးမြှင့်ထားပြီး နယ်မြေအချို့ကို အခွန်အခ ကောက်ယူခွင့်၊ အုပ်ချုပ်ခွင့်၊ တရားစီရင်ခွင့်ကို အေအေနှင့် ထိပ်တိုက် ရင်ဆိုင်ခြင်းမပြုဘဲ မျက်ကွယ်ပြုသယောင် လျစ်လျူရှုထားသည်။ စစ်ကောင်စီသည် အေအေကို နယ်ခြားစောင့်တပ် အနေအထားတစ်ခုအဖြစ်သာ အသုံးချထားသည်ဟု ယူဆနိုင်သည်။

အပြည့်အစုံဖတ်ရန် — https://bit.ly/3DBV2So
32.0K views15:03
Open / Comment
2022-04-03 05:06:01
မေးခွန်းထုတ် စောင့်ကြည့်ရမည့် ဘက်ပြောင်းလာသူ ဒု-တပ်ရင်းမှူး

PDF, နွေဦးတော်လှန်ရေးနဲ့ ဒီမိုကရေစီလိုလားသူ လူထုအပေါ် A K Linn တစ်ဖြစ်လဲ ဗိုလ်မှူး တင်လင်းအောင် လှောင်ပြောင် ရေးသားခဲ့တာတွေက ဟိုးအတိတ် ပဝေသဏီတုန်းက မဟုတ်ဘဲ နိုဝင်ဘာ ဒီဇင်ဘာ ဆိုတဲ့ မနေ့တစ်နေ့ကတင် ပူပူနွေးနွေးပဲ ရှိသေးတာ တွေ့ရပါတယ်။ အပြည့်အစုံဖတ်ရန် - https://bit.ly/3uWVpTY
43.5K views02:06
Open / Comment
2022-03-28 09:20:32
ဆောင်းပါး အပြည့်အစုံ - https://bit.ly/3JSWZfS
59.7K views06:20
Open / Comment
2022-03-25 18:36:38 မိုးဗြဲ၊ လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆို နယ်မြေဟာ ရိက္ခာလမ်းကြောင်း အခက်အခဲရှိနေပြီး ရဲဘော်တွေရဲ့ နေ့စဉ် အခြေခံလိုအပ်ချက်ဟာ ပိုပြီးရုန်းကန်ရမယ့် အခြေအနေဖြစ်လာပါတယ်။ နောက်ဆုံး ပိုက်ဆံရှိရင်တောင် အရင်လို ဝယ်ရခြမ်းရ မလွယ်တော့တဲ့ အခြေအနေကို ရောက်လာပါတယ်။ - https://bit.ly/3LeYHrV
60.2K views15:36
Open / Comment
2022-03-24 14:55:15 https://bit.ly/36uJDaS
63.6K views11:55
Open / Comment