Get Mystery Box with random crypto!

Mratt's Channel

Logo of telegram channel mrattkyawthu — Mratt's Channel M
Logo of telegram channel mrattkyawthu — Mratt's Channel
Channel address: @mrattkyawthu
Categories: Telegram
Language: English
Subscribers: 138.27K
Description from channel

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Ratings & Reviews

2.67

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

1


The latest Messages 15

2022-07-19 18:26:56 https://bit.ly/3aOsjA1
96.7K views15:26
Open / Comment
2022-07-18 14:40:52 The Fifth Column သတင်းတပ်သားများသို့...

The Fifth Column (tfc) ကို စတင်ချိန်ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ကတည်းက အဖွဲ့သားတွေဟာ မြန်မာနိုင်ငံရဲ့ အိပ်ချိန်ကလွဲပြီး တရက်မှ မနားဘဲ ဒီနေ့ထိ သတင်းတွေ စုဆောင်းနေခဲ့ကြတာ ဖြစ်ပါတယ်။ ခုတော့ tfc အဖွဲ့ကို အဆင့်မြှင့်ဖို့ရော၊ အဖွဲ့သားတွေအနေနဲ့ ဒီထက် ပိုပြီး အလုပ်တွင်ဖို့ရော ပြင်ဆင်ဖို့ အချိန်ရောက်ပြီလို့ ဆုံးဖြတ်ကြပါတယ်။

ဒါကြောင့် tfc အနေနဲ့ သတင်းစုဆောင်းမှုကို ၃ ရက် (ဇူလိုင် ၁၉ ကနေ ၂၁ ထိ) ရပ်နားပါမယ်။ ဒီကြားထဲ သတင်းလာပို့ရင် 'ပုံမှန်လို' ချက်ချင်း အကြောင်းပြန်နိုင်မှာ မဟုတ်ပါ။

ဒီ ၃ ရက်အတွင်း အင်မတန်အရေးကြီးတဲ့ဖြစ်ရပ်တွေ၊ သတင်းတွေကို ပေးပို့ချင်တယ်ဆိုရင်တော့ ကျနော့်ဆီ ပို့ထားနိုင်ပါတယ်။ ပေးပို့နေကျ သတင်းတပ်သားတွေအနေနဲ့ သိပြီးဖြစ်ပေမယ့် မသိသေးသူတွေအတွက် ကျနော့်ဆီ တိုက်ရိုက်ပို့လို့ရတဲ့ တယ်လီဂရမ်က - @mrattkthu ဖြစ်ပါတယ်။

ကျေးဇူးပါ မိတ်ဆွေများ ခင်ဗျား။
104.7K viewsedited  11:40
Open / Comment
2022-07-16 17:29:29
Updated:
K4U ကျောင်း ဦးစီးတည်ထောင်သူ ‘ကောင်းသိုက်စိုး’ အပါအဝင် ၃ ဦးကို ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြို့မှာ ဇူလိုင် ၁၃ က ဖမ်းဆီးမိတယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
.
Kaung For You ကျောင်း ဦးစီးသူလို့ ယူဆရတဲ့ ‘ကောင်းသိုက်စိုး’ ဆိုသူကို ဖမ်းမိတယ်လို့ စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်တွေကတော့ တင်ထားတယ်။ ကိုယ်တိုင် MRTV မကြည့်လိုက်ရတော့ ဒီဓာတ်ပုံ (ရုပ်သံသတင်းကို ဓာတ်ပုံရိုက်ထားတာ) က အစစ် ဖြစ်မဖြစ် မသိနိုင်သေးပါ။
122.8K viewsedited  14:29
Open / Comment
2022-07-15 11:00:16 K4U မှာ ကျောင်းအပ်ဖို့ စာရင်းသွင်းတဲ့ ကျောင်းသားတွေဆီ ခြိမ်းခြောက်စာ ပို့တဲ့ ဖုန်းနံပါတ်တွေ ဖြစ်ပါတယ်။

အကြိမ်ကြိမ် အသုံးပြုတဲ့ ဖုန်းနံပါတ်တွေကို အကြိမ်ရေ မတွက်တော့ဘဲ နံပါတ်စဉ်လိုက်ပဲ ဖော်ပြလိုက်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် တစ်ဦးတည်း/တစ်ဖွဲ့တည်းက ပို့နေတာလားဆိုပြီး မေးခွန်းပေါ်ပါတယ်။ ဒီထဲမှာ မပါတဲ့ ဖုန်းနံပါတ်တွေရှိရင် စခရင်ရှော့တွေနဲ့အတူ ကျနော့်ကို ပို့နိုင်ပါတယ်။ ဒီစာရင်းထဲမှာ ထပ်တိုး ဖော်ပြပါ့မယ်။

1. 09 450 644189
2. 09 450 644189
3. 09 450 644189
4. 09 450 644189
5. 09 450 644189
6. 09 79317 2301
7. 09 79317 2301
8. 09 79317 2301
9. 09 79317 2301
10. 09 79317 2301
11. 09 79317 2301
12. 09 79317 2301
13. 09 956 386432
14. 09 956 386432
15. 09 956 386432
16. 09 956 386432
17. 09 956 386432
18. 09 956 386432
19. 09 9880 82 324
20. 09 9880 82 324
21. 09 9880 82 324
22. 09 45356 9422
23. 09 45356 9422
24. 09 260 108 208
25. 09 260 108 208
26. 09 260 108 208
27. 09 260 108 208
28. 09 260 108 208
29. 09 969 379 493
30. 09 969 379 493
31. 09 787 311 820
32. 09 787 311 820
33. 09 787 311 820
34. 09 796 630878
35. 09 982 718 557
36. 09 883 94 9021
37. 09 763 17 3691
38. 09 4258 71823
39. 09 259 917 406
40. 09 7966 30 878
41. 09 7519 65428
42. 09 45 9979 039
43. 09 425 47 54 86
44. 09 458 535 187
45. 09 260 108 280
134.1K viewsedited  08:00
Open / Comment
2022-07-14 11:23:20 ဘာသာတရားနဲ့ ဘုရားသားတော် သို့မဟုတ် ဗုဒ္ဓဘာသာ ဘုန်းကြီး၊ ခရစ်ယာန် ဘုန်းကြီး၊ မော်လဝီ စတဲ့ ကြားခံ (medium) တွေအပေါ် လူတွေရဲ့ အမြင်တွေ ပြောင်းနေခဲ့သလား...? အာဏာသိမ်းခြင်း မသိမ်းခြင်းဟာ ဒီလိုအမြင်တွေအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု ရှိသလား...?

- https://bit.ly/3RxkG1n
116.3K views08:23
Open / Comment
2022-07-13 07:45:04
ပြီးခဲ့တဲ့ ၃ နာရီလောက်က တင်ခဲ့တဲ့ စာမျက်နှာကို မြင်နေရတာ ဖြစ်ပါတယ်။ ခုတော့ ဒီ Kaung For You Education ဆိုတဲ့ Facebook စာမျက်နှာပါ ပျောက်သွားပြီ ဖြစ်ပါတယ်။ မတွေ့ရတော့ပါဘူး။
143.0K views04:45
Open / Comment
2022-07-13 04:31:12 သူ့ရဲ့ ပုဂ္ဂိုလ်ရေး အကောင့်နှစ်ခုဖြစ်တဲ့ 'Kaung Thaike Soe' ဆိိုတဲ့ အကောင့်နဲ့ 'ကောင်းသိုက်' ဆိုတဲ့ နှစ်ခုကတော့ အထက်က 'ဆရာကောင်း ဖမ်းခံရ' ဆိုတဲ့စာ တင်ချိန်က ရှိသေးပေမယ့် ခုတော့ မရှိတော့ပါဘူး။ သူ့ရဲ့ Page ကတော့ ခုချိန်ထိ ရှိသေးတာ တွေ့ရတယ်။ ဒါပေမယ့် ဖမ်းခံရ ဆိုတဲ့ ပို့စ်တော့ မရှိတော့ပါဘူး။
134.6K views01:31
Open / Comment
2022-07-13 04:31:10
133.8K views01:31
Open / Comment
2022-07-13 04:31:02 Kaung For You Education ရဲ့ 'ဆရာကောင်း ဖမ်းခံရ' ဆိုပြီး သူတို့ Page ကနေ ဒီနေ့ မနက် ၆ နာရီခွဲလောက်က တင်တာ တွေ့လိုက်ရပါတယ်။ ဒါပေမယ့် ပို့စ်တင်ပြီး ၅၆ မိနစ်ကျော်အကြာမှာ အဲ့ဒီ ပို့စ်ကို ပြန်ဖြုတ်သွားတာ တွေ့ရတယ်။
131.7K views01:31
Open / Comment
2022-06-24 13:37:06 စစ်ကိုင်း ဆိပ်ခွန်မှာ သတ်ဖြတ်ထားတဲ့ ရုပ်သံ
.
စစ်ကိုင်း၊ ရွှေဘို၊ ဆိပ်ခွန် မြောက်ဘက် သီးလုံးရွာကနေ ဆိပ်ခွန်တောင်ဖက် ပလိုင်းရွာ အသွားလမ်းမပေါ်မှာ ဆိပ်ခွန်ရွာ မူးဘောင်ပေါ် ရဲစခန်းနားမှာ ဒေသခံ လူငယ် ၄ ဦး ပစ်သတ်ခံထားရတဲ့ ရုပ်သံတစ်ခုကို သတင်းရင်းမြစ်တစ်ဦးက ပေးပို့လာပါတယ်။
.
ဒါ့အပြင် သတ်ဖြတ်ခံရသူတွေနဲ့အတူ ပြောင်းရှည် လက်လုပ်သေနတ် ၃ လက်နဲ့၊ ပြောင်းတိုတစ်လက်တို့လည်း တွေ့ရပါတယ်။ ဒီဖြစ်စဉ်ဟာ မနှစ်က (၂၀၂၁) ဇူလိုင် ၁၇ ညပိုင်းက ဖြစ်ခဲ့တာလို့ တွေ့ရပါတယ်။ သတင်းတွေအရ သတ်ဖြတ်ခံရသူတွေဟာ အသက် ၂၀ ကျော်အရွယ် ကိုဌေးလှိုင်ဝင်းနဲ့ ကိုအောင်ဟိန်းကျော်၊ ၃၀ ကျော်အရွယ် ကိုအောင်ပိုင်ထွေးနဲ့ ကိုသက်စိုးတို့လို့ သိရပါတယ်။
.
ရွာထိပ်မှာ ကင်းစောင့်နေချိန် စစ်ကောင်စီ စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီး ထိတွေ့မှု ဖြစ်ရာကနေ သတ်ဖြတ်ခံရတာလို့ ယုံကြည်ရပါတယ်။ ရုပ်သံကို စစ်ကောင်စီ တပ်သားက ရိုက်ထားတယ်လို့ ယုံကြည်ရပြီး ရိုက်ထားသူက နောက်ခံပြောစကားထဲမှာ...
.
"သင်တန်းလေး နှစ်ပတ်သုံးပတ်လောက် တက်ပြီး အဟုတ်ကြီးထင်နေတယ်။ ဒီမှာ ဗိုလ်နေတိုးဆိုတာ ပါသေးတယ် သေနတ်မှာ။ ဒီကောင်နေမှာ ဗိုလ်နေတိုးက၊ ဒီကောင်လား ဟိုကောင်လား မသိဘူး" လို့ ပြောနေတာလည်း တွေ့ရပါတယ်။
.
စစ်ကိုင်းက ဒေသခံ တော်လှန်ရေးအဖွဲ့တွေထဲမှာ ဗိုလ်နေတိုးဆိုတဲ့ နာမည်နဲ့ လှုပ်ရှားမှုတွေ လုပ်နေတာက ဗိုလ်နေတိုး ပြောက်ကျားအထူးဖွဲ့ ဆိုတာရှိပါတယ်။ ဒါပေမယ့် ဒီအဖွဲ့က မြင်းမူ၊ ချောင်းဦးနယ်ထဲ အဓိက လှုပ်ရှားတာဖြစ်ပြီး ယခုဖြစ်စဉ်ဖြစ်ခဲ့တဲ့ (ဆိပ်ခွန်) ရွှေဘိုနယ်ဘက်မှာ လှုပ်ရှားတာ မတွေ့ရပါ။
.
“ယောက်ျားလေးချည်းပဲ၊ မိန်းကလေး တစ်ယောက်မှ မပါဘူး။ ငါတို့သွေးနဲ့ ခြေဆေးမယ်ဆိုတဲ့ကောင်တွေ ဟင်…၊ သူတောင်းစားတွေ။ အကုန်ဆိုးတယ် ဗိုလ်ကြီး" လို့ ပြောနေတာ တွေ့ရပါတယ်။
42.4K views10:37
Open / Comment