Get Mystery Box with random crypto!

Mratt's Channel

Logo of telegram channel mrattkyawthu — Mratt's Channel M
Logo of telegram channel mrattkyawthu — Mratt's Channel
Channel address: @mrattkyawthu
Categories: Telegram
Language: English
Subscribers: 137.18K
Description from channel

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Ratings & Reviews

2.67

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

1


The latest Messages 12

2022-10-31 13:22:52 လမ်းကြောင်းတစ်လျှောက် တွေ့တဲ့ ဒေသခံတွေတချို့ကို စစ်ကြောင်း ရှေ့က သွားခိုင်းတာ၊ တချို့ကို ရိုက်နှက်တာ၊ ဖမ်းစီးတာတွေ ရှိတဲ့အကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူက သတင်းပို့ပါတယ်။

"ရိက္ခာ၊ စက်သုံးဆီ စတာတွေကိုလည်း အကန့်အသတ်နဲ့ပဲ သယ်လို့ရတယ်။ ကား၊ ဆိုင်ကယ်နဲ့ဆိုလည်း ငါးမျိုးဘဲ သယ်ခိုင်းပါတယ်။ ပိုရင်သိမ်းမယ်ပြောပါတယ်။ သယ်ယူရင်လည်း နယ်ခံအုပ်ချုပ်ရေးမှူး လက်မှတ်ပါမှ ရပါတယ်။ ရှင်းလင်းရေးလုပ်နေတာတော့ လွန်ခဲ့တဲ့ လေးငါးရက်ကနေ စတာပါ" လို့ သတင်းပေးသူက ဆိုပါတယ်။

ဒီနေ့ နေ့လယ် နှစ်နာရီလောက်က အဲ့ဒီနေရာတစ်ဝိုက် သေနတ်သံတွေ ကြားရပြီး ညနေလေးနာရီလောက်မှာတော့ ကျည်တောက်ပေါက်၊ နွယ်ရုံကျေးရွာတို့ အပေါ်ကနေ သယ်ယူပို့ဆောင်ရေးရဟာယာဉ် ၃ စင်းဖြတ်ပီး အရှေ့ကနေ အနောက်ကို ရွှေဘို၊ မုံရွာဘက်ကိုပျံသွားတယ်လို့လည်း သူက ဆိုပါတယ်။
22.9K views10:22
Open / Comment
2022-10-31 13:22:52
မန်းလေး စဉ့်ကူးမြို့နယ်ထဲက မာလဲနတ်တောင်ရဲ့ အထက်ဘက် စစ်ကြောင်းတစ်ခု၊ ဒေသအခေါ် ငပိန်တောင်ဘက်ကနေ စစ်ကြောင်တစ်ကြောင်းနဲ့ ညှပ်ပီး နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့ ဒေသခံက လွန်ခဲ့တဲ့ နာရီပိုင်းက သတင်းပေးပို့ပါတယ်။

အထက်ဘက် ဒိုးနွယ်ကျေးရွာ၊ ဝါဆိုကျေးရွာ၊ နန်းဟတ်ကျေးရွာတို့ရဲ့ တောင်ဘက်က‌နေ မြောက်ဘက်က ဝါးပိုးကျေးရွာ၊ ပါပေါကျေးရွာတို့ရဲ့ အနီးက တောင်မြောက်ညှပ်ပြီး စစ်ကြောင်း ထိုးနေတာ ဖြစ်တယ်လို့ ဒေသခံက ဆိုပါတယ်။

လက်ရှိ စစ်ကြောင်းထိုးနေတဲ့နေရာဟာ အရှေ့ဘက် ရှမ်းပြည်နယ် နောင်ချိုနဲ့ မြောက်ဘက် သပိတ်ကျင်းတို့ရဲ့ အလယ်ဖြစ်ပါတယ်။
23.0K views10:22
Open / Comment
2022-10-24 15:07:54
102.8K views12:07
Open / Comment
2022-10-24 15:06:05
100.7K views12:06
Open / Comment
2022-10-24 15:03:54
ကချင်ပြည်နယ်၊ ဖားကန့်၊ အနန့်ပါမှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲချလို့ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို တန်းစီထားတာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ သေဆုံးသူ အနည်းဆုံး ၆၀ ကျော်နိုင်မယ်လို့ ခန့်မှန်းထားပြီး ဒဏ်ရာရရှိသူလည်း အနည်းဆုံး ၁၀၀ ကျော်ရှိနိုင်တယ်လို့ ဒေသသတင်းဌာနတွေက ရေးသားကြပါတယ်။
101.3K views12:03
Open / Comment
2022-10-24 08:45:36 မနေ့ညက လေယာဉ်သံတွေကြားလိုက်ရတယ်ဆိုတာ အများကြီး တွေ့ပါတယ်။ တကယ်လို့ ကိုယ့်ဝန်းကျင်မှာ လေယာဉ်သံတွေကြားတယ်ဆိုရင် အချိန်မရွေး သတင်း ပေးပို့နိုင်ပါတယ်။ ဒါဟာ အင်မတန် အထောက်အကူဖြစ်ပါတယ်။ လေယာဉ်နဲ့ပတ်သက်လို့ သီးသန့် သတင်းပေးပို့ချင်တယ်ဆိုရင် The Fifth Column ရဲ့ လေယာဉ်သတင်းသီးသန့် ချန်နယ်ရှိပါတယ်။ https://t.me/tfcflight ပါ။ လေယာဉ်သတင်း သီးသန့် ပေးပို့ဖို့ ဖြစ်ပါတယ်။

(ကျန် သတင်းတွေကိုတော့ ပုံမှန် https://t.me/mmfifthcolumn ဆီကိုပဲ ပို့နိုင်ပါတယ် မိတ်ဆွေများခင်ဗျာ။​)
107.3K views05:45
Open / Comment
2022-10-20 12:01:32
အောက်မှာ ဖော်ပြထားတဲ့ စခရင်ရှော့ဟာ စစ်ကောင်စီ အမာခံစစ်စခန်းတစ်ခုရဲ့ မြေပုံဖြစ်ပါတယ်။ ဒီမြေပုံလိုမျိုးပဲ တခြားတပ်တည်နေရာပေါင်းများစွာရဲ့ တည်နေရာအတိအကျကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ tfc က ပြုစုမှတ်တမ်းတင်ပြီးဖြစ်ပါတယ်။ ဒါတွေက tfc က လုပ်နေတဲ့ စီမံကိန်းတွေထဲက တစ်ခုပဲ ရှိပါသေးတယ်။

ဒီနေ့ချိန်ထိ The Fifth Column ဘာတွေလုပ်နေသလဲဆိုတာကိုတော့ ဒီ Link (https://www.facebook.com/mmfifthcolumn/) မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ် မိတ်ဆွများခင်ဗျား။
124.1K views09:01
Open / Comment
2022-10-20 12:01:10 တဖြည်းဖြည်းနဲ့ ကိုယ့်ဒုက္ခ ကိုယ်ဖြေရှင်းရတဲ့ နေ့တွေပိုများလာကြပြီ။ သေစာရှင်စာ စုဆောင်းမိထားသူအချို့ကတော့ သက်သာနိုင်ပေမယ့် ရတဲ့လခအပေါ်ပဲ မှီခိုနေခဲ့ကြရသူတွေအဖို့ ဒီကာလမှာ ပိုဆိုးကြတယ်။ ဒေါ်လာဈေး၊ ကုန်ဈေးနှုန်း မတက်ခင်က လှူဒါန်းတာမျိုးတွေကို ဒီနေ့လိုအချိန်မျိုးမှာ သိပ်မလုပ်နိုင်ကြတော့။

ဒါပေမယ့် အံ့သြစရာကောင်းတာက နေ့စဉ်အလုပ်သွား အလုပ်ပြန်၊ လမ်းတွေပေါ်က ကားဆရာတွေ၊ နောက်ဆုံး ဟိုမြို့ ဒီမြို့ တောက်လျှောက် ခရီးထွက်နေကြရသူတွေဟာ ရရင် ရသလို သတင်းပို့နေတာ ကျ မသွားပါဘူးဆိုတာပါပဲ။ ကြုံရင်ကြုံသလို The Fifth Column (tfc) Link လေးပေးပါဦးဗျို့ ဆိုပြီး လာမေးကြတယ်။

အဲ့ဒီလိုပဲ ဟိုးအစောပိုင်းကာလကနေ ဒီနေ့ချိန်ထိ ရက်မခြားဘဲ မြင်တွေ့ရသမျှ သတင်းတွေ လာပို့နေကြတဲ့ သတင်းတပ်သားတွေကိုလည်း tfc အဖွဲ့သားများက ကျေးဇူးတင်ကြောင်း သတင်းစကားပါးလိုက်ပါတယ်။
107.8K views09:01
Open / Comment
2022-10-05 17:40:12 တကယ်တော့ ဗုဒ္ဓဘာသာဝင်အများစု သိကြတဲ့ အနန္တောအနန္တ ၅ ပါး ဆိုတာဟာ ဘုရားဟောဖြစ်တယ်ဆိုတဲ့ ကျမ်းကိုးကျမ်းချက် မတွေ့ရဘူးလို့ ဓမ္မာစရိယ ဦးမောင်မောင်လေး က သူ့ဆောင်းပါးတစ်ပုဒ်ထဲ ထည့်ရေးဖူးပါတယ်။

ဆောင်းပါးအပြည့်အစုံ - https://bit.ly/3SYYeOE
19.3K viewsedited  14:40
Open / Comment
2022-09-18 16:19:24 YouTube Live ကို နားမထောင်လိုက်ရတဲ့လူတွေအနေနဲ့ ဒီမှာ နားထောင်နိုင်ပါတယ်။



26.6K views13:19
Open / Comment