Get Mystery Box with random crypto!

Mratt's Channel

Logo of telegram channel mrattkyawthu — Mratt's Channel M
Logo of telegram channel mrattkyawthu — Mratt's Channel
Channel address: @mrattkyawthu
Categories: Telegram
Language: English
Subscribers: 137.36K
Description from channel

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Ratings & Reviews

2.67

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

1


The latest Messages 11

2022-11-04 14:56:39
ရောက်ရှိနေတဲ့အထဲက အမျိုးအစားတစ်ခု EE-9 Cascavel
14.4K views11:56
Open / Comment
2022-11-04 14:56:27
ရောက်ရှိနေတဲ့အထဲက အမျိုးအစားတစ်ခု WZ - 551
14.5K views11:56
Open / Comment
2022-11-04 14:55:56 လားရှိုးမှာ Armoured Fire Support Vehicles ၆ စီးရောက်နေ

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ Armoured fire support အမျိုးအစား ကား ၆ စီးရောက်ရှိနေတယ်လို့ မျက်မြင်တွေ့ရှိသူ ဒေသခံတွေက သတင်းပေးလာပါတယ်။

လက်ရှိအချိန်ထိ ဒီကားတွေ ဘယ်ကို ဦးတည်သွားလာသလဲဆိုတာ မသိရဘဲ မနေ့ည နိုဝင်ဘာ ၄ လားရှိုးမြို့ထဲမှာ သွားလာနေတာကို မြင်တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် မြို့ထဲမှာ လုံခြုံရေးတင်းကြပ်ထားပြီး အရင်က မဘသ ဘုန်းကြီးကျောင်းအဖြစ် မြို့ခံတွေ သိကြတဲ့ မဟာဗောဓာရုံ ဘုန်းကြီးကျောင်းထဲမှာလည်း စစ်ကောင်စီတပ်သားတွေ တပ်စွဲထားကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ နေ့လယ်ပိုင်းက လားရှိုးမြို့တော်ခန်းမမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။
14.6K views11:55
Open / Comment
2022-11-03 19:52:44 အနန့်ပါ ဗုံးကြဲခံရမှုဟူသည့် ရုပ်သံမှာ အစစ်ဖြစ်ကြောင်း အတည်မပြုနိုင်သေး

ယနေ့မှ ထွက်ပေါ်လာသည့် ယင်းရုပ်သံဖိုင်မှာ ၁၉ စက္ကန့်သာ ရှိသည်။ ယခုရုပ်သံ၏ မူရင်း ရုပ်သံဖိုင် အပြည့်အစုံမှာ ကချင်လူမျိုးများ အများဆုံးရှိသည့် ဖေ့စ်ဘွတ်ဂရုတွင် ဗုံးကြဲခံရသည့် အောက်တိုဘာ ၂၃ ညနေပိုင်းက တင်ခဲ့ဖူးပြီး ၁ နာရီအကြာတွင် ပြန်ဖျက်ခဲ့သည်။ ယင်း ရုပ်သံမှာ ၁ မိနစ်နှင့် ၄၂ စက္ကန့်တိတိရှိသည်။

အပြည့်အစုံ ဖတ်ရန် - https://bit.ly/3UqjWvp
6.8K viewsedited  16:52
Open / Comment
2022-11-02 15:27:44 "ညောင်ဦးအဝင်ဂိတ်မှာ လိုက်ထရပ် ကားလေး ကုန်အနည်းငယ်ပါတာတောင် လုပ်ငန်းလိုင်စင်မပါလို့ တစ်သောင်းပေးခဲ့ရပါတယ်။ နယူးအောင်လံကားလေးပေါ်ကလူ မှတ်ပုံတင်မပါ အိမ်ထောင်စုစာရွက်ပဲပါတဲ့လူကို ထားခိုင်းပြီး ကားမောင်းသွားခိုင်းပါတယ်" လို့ ကြုံတွေ့ရသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒီဂိတ်မှာပဲ "ဖုန်းထဲမှာ ဆန္ဒပြတုန်းကပုံကို တင်ထားမိလို့ ငွေတောင်းတာနဲ့ ၈ သောင်း ပေးခဲ့ရတယ်" လို့လည်း တစ်ဦးက ထပ်ပြောပါတယ်။
17.0K views12:27
Open / Comment
2022-11-02 14:07:24 မြင်းခြံဘက်က အလာ ပုဂံကို အဝင်မှာ ကားပေါင်းစုံကို စစ်ဆေးတာ 'တော်တော်ကြမ်းတယ်' လို့ ကိုယ်တိုင် စစ်ဆေးခံလာရသူတွေက သတင်းပို့ပါတယ်။ ဖုန်းထဲက ဓာတ်ပုံ၊ ဖေ့စ်ဘွတ် မက်ဆင်ဂျာ အားလုံးကို တစ်ခုချင်း စစ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီလမ်းကို ဖြတ်သန်းသွားလာမယ့် မိတ်ဆွေတို့အနေနဲ့ သတိထားစေချင်ကြောင်း ပြောလာပါတယ်။
(ဒီနေ့ နိုင်ဝင်ဘာ ၂ မှာ တင်တဲ့စာဖြစ်ပါတယ်၊ နောက်ရက်တွေမှာ အပြောင်းအလဲရှိနိုင်ပါတယ်)
20.0K views11:07
Open / Comment
2022-11-01 03:39:47 ထို့ပြင် အထိမ်းအမှတ်ပြုလုပ်ရာတွင် ပါဝင်သည့် သက်ကိုကိုထွေး၊ ကျော်ကျော်ခန့်၊ စိုးကိုကို၊ အောင်ပြည့်စုံဦး၊ ကျော်သက်ပိုင်၊ ရဲလင်းအောင်၊ ဇော်ဇော်ဟန်၊ ဇေယျာဖြိုး၊ ဖိုးကောက်၊ နတ်ဆိုး၊ ရဲကျော်၊ J ညီ၊ ညီဇင်လတ်၊ ချမ်းမြေ့ကိုကိုဇင်၊ အောင်မင်းခန့်၊ နိုင်ထာဝရ၊ အောင်ကိုမင်း တို့ကိုလည်း ရိုက်နှက်စစ်ဆေးမေးမြန်း၍ နှစ်ယောက် တစ်တွဲစီ ခြေထောက်တွင် ဒေါက်တပ်ကာ ၅ ဆောင်ရှိ အခန်းများသို့ ပြန်ပို့ခဲ့သည်ဟု ဆိုသည်။

ဦးဆောင်သူ ၄ ဦးကို ခြေတွင် ဒေါက်တပ်ကာ တိုက်ပိတ်ထားသည့်အပြင် ထမင်းအသိုးများကို မြေကြီးပေါ် နင်းခိုင်းခြင်း၊ မိလ္လာခပ်ခိုင်းခြင်းတို့ကို ရိုက်နှက်စေခိုင်းခဲ့သည်ဟု ဆိုသည်။ “မင်းတို့ကို သတ်ပစ်လိုက်လို့ ရတယ်။ စာရွက်တစ်ရွက်ပဲ ကုန်မယ်" ဟု နိုင်ကျဥ်းများအား ခြိမ်းခြောက်ခဲ့ကြောင်းလည်း အသံဖိုင်တွင် နားဆင်ရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၉ က အင်းစိန်ထောင် ထောင်ဝင်စာ ပါဆယ်လက်ခံသည့်နေရာတွင်ပေါက်ကွဲမှု ဖြစ်ပြီးနောက် အပြင်မှ မကျေနပ်ချက်များကို နိုင်ကျဥ်းများအပေါ်တွင် ပုံချနေပြီး၊ ထောင်အာဏာပိုင်များက ခိုးဆိုးလုနှိုက်တန်းစီးများ ပူးပေါင်းကာ နိုင်ကျဥ်းများကို ဖိနှိပ်နေသည်ဟု ဆိုသည်။

အဆိုပါတိုက်ပိတ်ခံရသူများနှင့် ခြေတွင် ထောက်တပ်ခံရသည့် ၁၇ ဦးအနက် အချို့မှာ ယမန်နေ့ အောက်တိုဘာ ၃၁ က ရုံးချိန်းရှိသော်လည်း ထွက်မလာနိုင်ခဲ့ကြဟုလည်း သိရသည်။ ၎င်းတို့၏ ကျန်းမာရေး အခြေအနေများနှင့် ပတ်သက်၍ အသေးစိတ် မသိရှိရပေ။
17.4K views00:39
Open / Comment
2022-11-01 03:39:29
ယင်းတို့အနက် ကိုဝသုန်စံမှာ ရန်ကုန် တော်လှန်ရေးညီအစ်ကိုများ (Yangon Revolution Brotherhood – YRB) မှ ဖြစ်ပြီး စစ်ကောင်စီက ယမန်နှစ် စက်တင်ဘာ ၂၅ ထုတ် သတင်းစာတွင် ကိုဇေယျာသော်နှင့်အတူ ဆက်စပ်ဖော်ပြခဲ့ဖူးသည်။
15.6K views00:39
Open / Comment
2022-11-01 03:39:11 ကိုဂျင်မီ၊ ကိုဇေယျာသော် ၃ လပြည့် အင်းစိန်ထောင်တွင်း အထိမ်းအမှတ်ပြုလုပ်သူများ နှိပ်စက်ခံရ

ပြီးခဲ့သည့် ဇူလိုင်က ကွက်မျက်ခံခဲ့ရသည့် ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ရည်စူးပြုလုပ်သည့် အင်းစိန်ထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသား ၂၀ ကျော် နှိပ်စက်ညှင်းပန်းခံခဲ့ရကြောင်း ယုံကြည်ရသည့် သတင်းရင်းမြစ်ထံမှ ယမန်နေ့က ရရှိထားသည့် အသံဖိုင် မှတ်တမ်းများအရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၃ သည် ကိုဂျင်မီနှင့်ကိုဇော်ယျာသော်တို့ အင်းစိန်ထောင်တွင်း ကွက်မျက်ခံရသည့် ၃ လပြည့်ဖြစ်ပြီး အသံဖိုင်အရ ယင်းနေ့တွင် နိုင်ငံရေးအကျဉ်းသားများက အနက်ရောင်လက်ပတ်များ ဝတ်ဆင်ကာ ဆွမ်းကပ်ခဲ့ကြသည်။

ထို့ကဲ့သို့ အထိမ်းအမှတ်ပြုလုပ်ခဲ့ခြင်းကို ၅ ဆောင်၊ ၁ ခန်း သူကြီးက အဆောင်မှုးကို တိုင်တန်းကာ ပါဝင်သူများကို ရိုက်နှက်ဖမ်းဆီးခိုင်းခဲ့သည်ဟု အသံဖိုင်မှတ်တမ်းတွင် ပြောကြားထားသည်။

ဦးဆောင်သူများဖြစ်သည့် “ကိုရဲရင့်ကို၊ ကိုရဲရင့်ဘို၊ ဝသုန်စံ၊ ကိုဟန်သာတို့ကို ရိုက်နှက်ပြီး ခြေထောက်တွင် ဒေါက်တပ်၍ ၆ တိုက်တွင် တိုက်ပိတ်ခဲ့” သည်ဟု ဆိုသည်။
15.7K views00:39
Open / Comment
2022-10-31 13:22:52 လမ်းကြောင်းတစ်လျှောက် တွေ့တဲ့ ဒေသခံတွေတချို့ကို စစ်ကြောင်း ရှေ့က သွားခိုင်းတာ၊ တချို့ကို ရိုက်နှက်တာ၊ ဖမ်းစီးတာတွေ ရှိတဲ့အကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူက သတင်းပို့ပါတယ်။

"ရိက္ခာ၊ စက်သုံးဆီ စတာတွေကိုလည်း အကန့်အသတ်နဲ့ပဲ သယ်လို့ရတယ်။ ကား၊ ဆိုင်ကယ်နဲ့ဆိုလည်း ငါးမျိုးဘဲ သယ်ခိုင်းပါတယ်။ ပိုရင်သိမ်းမယ်ပြောပါတယ်။ သယ်ယူရင်လည်း နယ်ခံအုပ်ချုပ်ရေးမှူး လက်မှတ်ပါမှ ရပါတယ်။ ရှင်းလင်းရေးလုပ်နေတာတော့ လွန်ခဲ့တဲ့ လေးငါးရက်ကနေ စတာပါ" လို့ သတင်းပေးသူက ဆိုပါတယ်။

ဒီနေ့ နေ့လယ် နှစ်နာရီလောက်က အဲ့ဒီနေရာတစ်ဝိုက် သေနတ်သံတွေ ကြားရပြီး ညနေလေးနာရီလောက်မှာတော့ ကျည်တောက်ပေါက်၊ နွယ်ရုံကျေးရွာတို့ အပေါ်ကနေ သယ်ယူပို့ဆောင်ရေးရဟာယာဉ် ၃ စင်းဖြတ်ပီး အရှေ့ကနေ အနောက်ကို ရွှေဘို၊ မုံရွာဘက်ကိုပျံသွားတယ်လို့လည်း သူက ဆိုပါတယ်။
22.9K views10:22
Open / Comment