Get Mystery Box with random crypto!

Mratt's Channel

Channel address: @mrattkyawthu
Categories: Telegram
Language: English
Subscribers: 137.18K
Description from channel

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Ratings & Reviews

2.67

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

1


The latest Messages 14

2022-09-07 07:38:34 https://bit.ly/3Bjn8lS
13.6K views04:38
Open / Comment
2022-08-15 13:37:04 ကူညီထောက်ပံ့ချင်သူတွေအနေနဲ့ https://www.facebook.com/loyaltymobileteam/ ကို ဆက်သွယ်နိုင်ပါတယ်။
46.0K views10:37
Open / Comment
2022-08-15 13:36:50 ကရင်နီပြည်နယ်က
ရွေ့လျားနေတဲ့ ကိုသစ္စာ

Loyalty Mobile Team For Karenni ရွေ့လျားဆေးအဖွဲ့က ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်း ကျေးရွာတွေမှာ နေထိုင်ကြတဲ့ စစ်ဘေး ဒုက္ခသည်တွေနဲ့ ဒေသခံတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေတာ တစ်နှစ်ပြည့်ပါတော့မယ်။ တစ်ပတ်ကို ၅ ရက် နှုန်းနဲ့ စခန်းပေါင်း ၃၀ ကျော် ဒုက္ခသည်နဲ့ ဒေသခံပေါင်း ၃ သောင်းကျော်ကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေတာပါ။

ငွေကြေးအထောက်အပံ့ ရရှိမှု အားနည်းလာကြောင့် ဆက်လက်လည်ပတ်နိုင်ဖို့ တော်တော်ကို ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့အကြောင်း ဒီအဖွဲ့ရဲ့ တာဝန်ခံ ဆရာဝန် ကိုသစ္စာက ပြောပြပါတယ်။

သူ့အဖွဲ့က လူသိထင်ရှား မရှိတာရယ်၊ သူကိုယ်တိုင်က သိုသိုသိပ်သိပ် လုပ်နေတာရယ်ကြောင့် သူ့ဆေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေးရာမှာ ဆေးဝါး မလုံလောက်တာ၊ သွားလာရေးအတွက် ခက်ခဲတာတွေ ကြုံနေရပါတယ်။

"ကျနော်တို့သွားဖို့က ကားမရှိဘူး။ မနက် မနက်ဆို စစ်ရှောင်စခန်းတွေကို မိုဘိုင်းသွားနိုင်ဖို့ စောစောထပြီး ကား လိုက်ငှားရတယ်။ မိုဘိုင်းထွက်နေပြီး သွားလာရေးအတွက် ကားမရှိဘူးဆိုတာ ခင်ဗျား စဥ်းစားကြည့်ပေါ့" လို့ သူက ဆိုပါတယ်။

ကားငှားတယ်ဆိုပေမယ့် အမြဲတမ်းတော့ ကိုယ်လိုချင်တဲ့ကားမျိုးကို မရနိုင်။ ဥပမာ တနေ့ကဆိုရင် ကိုသစ္စာတို့ ငှားလာတာတဲ့ကားက 4 wheel မဟုတ်။ ရိုးရိုး 2 wheel. စစ်ဘေးဒုက္ခသည်စခန်းတွေက တောတောင်တွေထဲမှာ ဆောက်လုပ်ထားတာရယ်၊ မိုးရာသီဖြစ်တာရယ်ကြောင့် 4 wheel မဟုတ်ရင် ခရီးက ထင်သလောက် မတွင်။ ၃ မိုင်လောက်ဝေးတဲ့ ဒုက္ခသည်စခန်းကို ခြေလျင်တက်ခဲ့ကြရတယ်။

"ကျနော်တို့က အဲ့ဒီလိုလျှောက်ပြီးပဲ သွားနေရတာ ပုံမှန်လိုဖြစ်နေပြီ။ ခက်ခဲလည်း ကျနော်တို့က ရအောင်သွားတယ်။ တစ်ရက်မှ ပျက်ကွက်တာမရှိသေးဘူး” လို့ ကိုသစ္စာက ဆိုတယ်။

ဘာလို့ ပျက်ကွက်တာ မရှိဘူးလဲဆိုရင် ဘယ်နေ့ ဘယ်ရက်မှာ ဘယ်စခန်းကို ရောက်မယ်ဆိုတာကို စစ်ပြေးဒုက္ခသည်တွေက သိထားကြပြီး မရောက်လို့လည်း မဖြစ်ဘူးလို့ ဆိုပါတယ်။ ဒုက္ခသည် စခန်းရောက်သွားချိန်မှာ ကိုသစ္စာတို့မိုဘိုင်းဆေးအဖွဲ့ကို တန်းစီစောင့်ဆိုင်းနေကြတဲ့ ဒုက္ခသည်တွေကို တွေ့ရပါတယ်။

တစ်နေရာနဲ့တစ်နေရာ ဆက်သွယ်ဖို့ ဖုန်း၊ အင်တာနက် အခက်အခဲတွေကြားမှာ ကိုသစ္စာတို့ ဒီနေ့ ဒီအချိန် လာကိုလာမှာဆိုတဲ့ ယုံကြည်မှုတစ်ခုက အင်မတန် အရေးပါပါတယ်။ ကိုသစ္စာတို့ မိုဘိုင်းဆေးအဖွဲ့မှာ သွားလာရေးအခက်အခဲအပြင် ရှိတဲ့ဆေးနဲ့ အလုပ်ဖြစ်အောင် ကုနေရတာပါ။

"နှာစေး၊ ချောင်းဆိုး ကုရတဲ့အပြင် နာတာရှည်ရောဂါသည်တွေအတွက် ဆေးပေးနိုင်ဖို့က မလွယ်ဘူး။ ဆေးပြတ်မသွားအောင် ပေးနိုင်ဖို့ကို လုံးပမ်းနေရတယ်"

ဆေးဝါးနဲ့ သွားလာရေးအတွက် ကိုသစ္စာရဲ့ မိုဘိုင်းဆေးအဖွဲ့က တစ်လကို သိန်း ၇၀ နဲ့ ၁၀၀ ကြား ကုန်ကျတယ်လို့ ဆိုပါတယ်။ ကရင်နီပြည်က စစ်ဘေးဒုက္ခသည်တွေနဲ့ ဒေသခံတွေရဲ့ ကျန်းမာရေးအတွက် ကိုသစ္စာရဲ့ မိုဘိုင်းဆေးအဖွဲ့ကို ထောက်ပံ့ပေးနိုင်ကြဖို့ ဒီစာကို ရေးပါတယ်။
48.1K views10:36
Open / Comment
2022-08-12 22:55:24
Save the Children in Myanmar ရဲ့ ဖြေရှင်းချက်။
53.6K views19:55
Open / Comment
2022-08-12 22:45:04
HRW Myanmar ရဲ့ တောင်းပန်စာ။
51.3K views19:45
Open / Comment
2022-08-12 22:44:50 ဂုဏ်သရေရှိ လူကြီးမင်း မစ္စတာမင်းအောင်လှိုင် သို့...

ဆိုပြီး လိပ်မူပြီးရေးတဲ့ စာက အစစ်လို့ HRW Myanmar က သူတို့ twitter ကနေ ပြီးခဲ့တဲ့ တစ်နာရီခန့်က ကြေညာပါတယ်။ ဒါကြောင့် စာကို အစစ်/အတု အငြင်းပွားနေစရာ မလိုတော့ဘဲ အစစ်ဖြစ်ကြောင်း အတည်ပြုနိုင်ပါတယ်။

မင်းအောင်လှိုင်ကို HRW (Human Rights Watch Myanmar) က စာပေးပို့တာမှာ တခြားအဖွဲ့တွေရဲ့ သဘောတူညီမှု မရယူခဲ့ဘဲ 'ကံမကောင်းစွာနဲ့ လိပ်မူ' ပေးပို့လိုက်မိတာလို့ HRW Myanmar က ဝန်ခံထားပါတယ်။ ဒါကြောင့် စာကလည်း အစစ်ဖြစ်ပြီး ပေးပို့တာကလည်း အစစ်ဖြစ်ပါတယ်။

ဂုဏ်သရေရှိ လူကြီးမင်း မစ္စတာမင်းအောင်လှိုင် သို့ လို့ လိပ်မူထားတဲ့အဖွဲ့တွေထဲမှာ Amnesty International, Save The Children, World Vision, Planet International တို့လို အဖွဲ့ကြီးတွေလည်း ပါဝင်ပါတယ်။ ခု HRW က ဒီအဖွဲ့တွေကို အသိမပေးဘဲ မင်းအောင်လှိုင် စာပို့မိတယ်လို့ ကြေညာလာတာ ဖြစ်ပါတယ်။

HRW Myanmar က မင်းအောင်လှိုင်ကို ပေးပို့တဲ့ စာထဲမှာတော့ The Honourable Mr. Min Aung Hlaing, Prime Minister လို့ လိပ်မူထားခဲ့ပြီး ပြန်လည် တောင်းပန်စာမှာတော့ Myanmar Military coup leader Sr. General Min Aung Hlaing လို့ ရေးထားတာ တွေ့ရပါတယ်။

ဒီစာထွက်လာတာနဲ့ ပတ်သက်ပြီး Save The Children အဖွဲ့ကတော့ သူတို့ကို အသိမပေးဘဲ HRW Myanmar က ဒီစာကိုပေးပို့တာ ဖြစ်တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပြီးခဲ့တဲ့ မိနစ်ပိုင်းက ပြန်လည် ဖြေရှင်းထားတာ တွေ့ရပါတယ်။ တခြားအဖွဲ့တွေရဲ့ ပြန်လည်ဖြေရှင်းချက်ကိုတော့ မတွေ့ရသေးပါဘူး။
54.5K views19:44
Open / Comment
2022-08-03 05:30:18 နိုင်ငံရေး၊ ဘာသာရေး အရှုပ်တော်ပုံနဲ့ ရှင်ဇိုအာဘေး လုပ်ကြံခံရမှု

သေနတ်နဲ့ ပစ်သတ်ခဲ့သူ ‘တက်ဆုယ ယာမဂါ့မိ’ ဟာ အာဘေးရဲ့ နိုင်ငံရေးရပ်တည်ချက်ကို မကြိုက်လို့ မဟုတ်သလို ငွေပေးစေခိုင်းလို့ လုပ်ကြံခဲ့တာလည်း မဟုတ်ပါ။ ဆိုရရင် ကိုးကွယ်ရာ ခရစ်ယာန် ဘုရားကျောင်း လွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆင်းရဲမွဲတေမှု ဖိအားကနေ ကမ္ဘာသိ အထင်ကရ နိုင်ငံရေးသမား၊ ဝန်ကြီးချုပ်ဟောင်းကို သတ်ပစ်တဲ့အထိ ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။

အပြည့်အစုံ ဖတ်ရန် - https://bit.ly/3zp7jIp
96.0K views02:30
Open / Comment
2022-07-24 13:27:27 https://twitter.com/i/spaces/1mnGedpqmMqKX
139.0K views10:27
Open / Comment
2022-07-23 18:56:48
မနက်ဖြန် ဇူလိုင် ၂၄၊ တနင်္ဂနွေ မြန်မာစံတော်ချိန် ညနေ ၅ နာရီ။ ကျနော့် twitter (https://twitter.com/mrattkthu) မှာ ရုပ်မမြင် အသံပဲကြား (Voice Only Live) လွှင့်မှာ ဖြစ်ပါတယ်။
143.0K viewsedited  15:56
Open / Comment
2022-07-21 07:03:24 သတ်မှတ်ချက်အရ အန္တရာယ်ရှိတဲ့ အဆင့်မှာ အမြင့်ဆုံး အဆင့် - ၄ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာဟာ အီရန်၊ အီရတ်တို့အပါအဝင် ဆူဒန်၊ အာဖဂန်၊ ဘယ်လာရုစ်၊ ဆီးရီးယားတို့နဲ့ ခရီးသွားတွေအတွက် အမေရိကန်ရဲ့ လုံခြုံရေးသတ်မှတ်မှုမှာ အဆင့်အတန်းတူ ဖြစ်သွားပါတယ်။

အမေရိကန်ရဲ့ ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အသေးစိတ် ရေးသားထားချက်တွေပါပါတယ်။ ဒီထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ ဖော်ပြချက်တွေ တွေ့ရပါတယ်။ ဘာလို့ဆိုရင် မြန်မာနိုင်ငံကို မသွားနဲ့လို့ တစ်နိုင်ငံလုံးအတိုင်းအတာ ယေဘုယျ ခြုံပြောလိုက်တာ မဟုတ်ဘဲ အန္တရာယ်ရှိတဲ့ တိုင်းနဲ့ပြည်နယ်၊ မြို့နယ်တွေကို အသေးစိတ် ထည့်ရေးထားတာပါ။

ဒီမြို့တွေထဲမှာ ကိုယ့်ပြည်တွင်းက ပြည်သူတွေအနေနဲ့ သိပ် သတိမထားမိတဲ့ မြို့နယ်တွေကို အမေရိကန်အစိုးရက အန္တရာယ်ဇုံတွေအဖြစ် ထည့်သွင်း သတ်မှတ်ထားတာမျိုး တွေ့ရပါတယ်။ ဥပမာ ကချင်ပြည်နယ်က ဗန်းမော်၊ မိုးကောင်း နဲ့ ရှမ်းက ဟိုပန်၊ သိန္နီ၊ သီပေါ၊ နမ့်စန်၊ နမ္မတူ၊ နမ့်ခန်း တို့ပါ။ ပြည်တွင်း သတင်းတွေမှာ တိုက်ပွဲအချို့ ဖြစ်နေတယ်လို့ ဖတ်ရပေမယ့် ဒေသတွင်းမှာ ဒီထဲက တချို့နေရာတွေမှာ ခရီးသွားလာမှုတချို့ ရှိနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဦးစားပေး ထည့်သွင်းထားတဲ့မြို့က ချင်းပြည်နယ်က မတူပီမြို့ ဖြစ်ပါတယ်။ ပြီးတော့ ခုနောက်ပိုင်း ပြည်တွင်းမှာ ခဏငြိမ်နေတယ်လို့ ထင်ရတဲ့ ရခိုင်၊ ချင်းနယ်စပ်က ပလက်ဝလို မြို့ကိုလည်း ဦးစားပေးစာရင်းထဲ ထည့်ထားတာ တွေ့ရတယ်။ ကယားမှာဆိုရင် ရှားတောမြို့ကို ထည့်ထားတယ်။ မိုးဗြဲ၊ လွိုင်ကော်၊ ဒီမောဆိုလို တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့မြို့တွေကို ထည့်သွင်းထားတာမျိုး မတွေ့ရပါ။

ဦးစားပေးမြို့တွေထဲမှာ ကချင်နဲ့ ရှမ်းက အများစုပါဝင်ပြီး ချင်းက တတိယ ဦးစားပေးလိုက်ပါတယ်။ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေတယ်လို့ ပြောလို့ရတဲ့ ကရင်ပြည်နယ်ထဲမှာဆိုရင် ဖာပွန် တစ်မြို့တည်းကိုပဲ ထည့်သွင်းထားတာက စိတ်ဝင်စားစရာကောင်းပါတယ်။ ၁၉ ရက်မှာ ထုတ်ပြန်တာ ဖြစ်လို့ ဒီမတိုင်ခင်က တိုက်ပွဲတွေ စိပ်လာတဲ့ တနင်္သာရီတိုင်းနဲ့ မြန်မာနိုင်ငံတောင်ပိုင်းက မြို့တွေကို ဒီထဲ ထည့်သွင်းမထားပါ။

ကျနော်တို့ သာမန်ပြည်သူတွေသိတဲ့ သတင်းအချက်အလက်နဲ့ သံရုံးတွေက စုဆောင်းတဲ့ သတင်းအချက်အလက်မှာ သတင်းရင်းမြစ်တွေ ကွာနိုင်ပါတယ်။ ဒါကြောင့် သတ်မှတ်တဲ့ အန္တရယ်ဇုံတွေကလည်း ကွာနိုင်ပါတယ်။ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ မြို့နယ်တွေ၊ နေရာအချို့ ပါနေတာမို့ ရေးသားလိုက်ပါတယ်။
146.8K views04:03
Open / Comment