Get Mystery Box with random crypto!

Mratt's Channel

Channel address: @mrattkyawthu
Categories: Telegram
Language: English
Subscribers: 137.18K
Description from channel

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Ratings & Reviews

2.67

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

1


The latest Messages 17

2022-06-18 14:08:56
19.1K views11:08
Open / Comment
2022-06-18 14:08:47 ဦးသန်းရွှေရဲ့ တပ်ရင်းနဲ့
မုန်တိုင်ပင် ဘုန်းကြီးကျောင်း

အာရ်အက်ဖ်အေ ရုပ်သံထဲပါတဲ့ အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ - ၄) အောက်က (ခြေမြန်တပ်ရင်း) ခမရ ၇၀၈ ဆိုတာ ဦးသန်းရွှေ အရှင်ထွက် မထွက်ခင် တည်ခဲ့တဲ့ တပ်ရင်း ၁၀ ခုထဲက တစ်ခုပါ။

ခမရ ၇၀၁ ကနေ ၇၁၀ ထိ တည်ခဲ့ပြီး မှော်ဘီမှာ ၇၀၁ ကနေ ၇၀၃ ထိ၊ ဖူးကြီးမှာ ၇၀၄ ကနေ ၇၀၆ ထိ၊ တိုက်ကြီးမှာ ၇၀၇ ကနေ ၇၁၀ ထိ ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်သံဆောင်းပါးထဲ ပါတဲ့ ခမရ ၇၀၈ ဆိုတာ ရန်ကုန်တိုင်း၊ 'တိုက်ကြီး' အခြေစိုက်ဖြစ်ပါတယ်။

ဒါ့အပြင် ရုပ်သံထဲမှာပါတဲ့ စစ်သား ၃ ဦး ထိုင်စကားပြောနေတဲ့ နေရာဟာ ဂူဂဲမြေပုံကို လေ့လာကြည့်သလောက် မုန်တိုင်ပင် ဘုန်းကြီးကျောင်း ဖြစ်နိုင်တယ်လို့ တွေ့ပါတယ်။ မုန်တိုင်ပင်ရွာဟာ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်အောက်က အုပ်စုကျေးရွာတစ်ရွာဖြစ်ပါတယ်။
19.3K views11:08
Open / Comment
2022-06-16 15:17:13 ကန့်ဘလူ၊ ကောလင်း

ကောလင်း တောင်ဘက်က ရွာတစ်ရွာမှာ ဇွန် ၁၅ မနေ့က စစ်ကောင်စီ စစ်ကြောင်း ထောင်ထားတဲ့ မိုင်းနင်းမိပြီးတော့ ရွာသားတစ်ဦး ခြေထောက်နှစ်ဖက်လုံး ပျက်စီးသွားတယ်လို့ သတင်းပေးပို့လာသူက ဆိုပါတယ်။

ရရှိထားတဲ့ ဓာတ်ပုံအရတော့ ဘယ်ခြေထောက် ခြေသလုံးကနေစပြီး အားလုံး ကြေမွနေပြီး ညာခြေထောက်မှာတော့ ခြေဖဝါးတစ်ခုလုံး အသားတွေဖွာလန်ကြဲနေတာကို မြင်ရပါတယ်။ (ဆိုးရွားလွန်းတဲ့အတွက် ဓာတ်ပုံ မဖော်ပြနိုင်ပါ။)

ဒေသခံရဲ့ ပြောဆိုချက်အရတော့ ကောလင်း ဇဉ်းရွာဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ပေကုန်းရွာနားမှာရှိတဲ့ လယ်တဲတစ်ခုမှာ ဝင်နားခဲ့ပြီး အဲ့ဒီမှာ ခြေနင်းမိုင်း ထောင်ထားခဲ့တယ်လို့ ယူဆကြောင်း ဆိုပါတယ်။


အဲ့ဒီနောက် တဲပိုင်ရှင်အမျိုးသားက ဒီ ခြေနင်းမိုင်းကို နင်းမိခဲ့တာ ဖြစ်ပါတယ်။ ပေကုန်းရွာဆိုတာ ကောလင်းမြို့ရဲ့ အရှေ့ဘက်မှာ ရှိပြီး ထီးချိုင့်၊ ဝန်းသိုနဲ့ ကန့်ဘလူမြို့တို့ရဲ့ အလယ်မှာရှိပါတယ်။

ဒီလအစပိုင်းကနေစပြီး စစ်ကောင်စီတပ်တွေဟာ ကောလင်းနဲ့ ကန့်ဘလူနယ်စပ်က ကျေးရွာတွေကို တောက်လျှောက် မီးရှို့နေခဲ့တယ်လို့ ပြောပါတယ်။ ခန့်မှန်း အိမ်ခြေ ၁၀၀၀ ကျော်ရှိနေပြီလို့ ဆိုပေမယ့် တိကျတဲ့ စာရင်း မရနိုင်ပါ။
9.6K viewsedited  12:17
Open / Comment
2022-06-16 09:48:22
လက်ရှိ စစ်ကောင်စီတပ်တွေ ရောက်နေတဲ့ နေရာဟာ ကနီ၊ ဘုတလင်နဲ့ ဒီပဲယင်းတို့ အလယ် မှာ ရှိနေပြီး ပြီးခဲ့တဲ့ရက်က ဒီပဲယင်း မူးကမ်းကြီးရွာကို စစ်ကောင်စီတပ်တွေ မီးရှို့ခဲ့တာမှာ အိမ်ထောင်စု ၁၅၇ စုနဲ့ လူနေအိမ်အပါအဝင် အဆောက်အဦး ၃၅၀ ကျော် မီးလောင် ပျက်စီးခဲ့တယ်လို့ ဒေသခံက သတင်းပေးပို့ထားပါတယ်။
13.9K views06:48
Open / Comment
2022-06-16 09:48:09
စစ်ကိုင်း ဘုတလင်

ပြီးခဲ့တဲ့ ၃ ရက်လောက်က ကနီနဲ့ ဘုတလင် နယ်စပ်၊ ဘုတလင် တောင်ဘက် လေးမြေ၊ ဝန်ဘို၊ ရွှေစာရေးရွာတွေဘက်မှာ ရှိနေတဲ့ စစ်ကောင်စီတပ်ဟာ မနေ့ကတော့ မြောက်ဘက် မောင်းထောင်၊ တောင်ကုန်းဘက်ကို ရောက်သွားပြီး တအိမ်ဝင် တအိမ်ထွက် မွှေနှောက်ရှာဖွေနေတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောကြပါတယ်။

စစ်ကောင်စီ စစ်ကြောင်းက ပျူစောထီတွေအားကိုးနဲ့ ရွာတွေကို မဝင်ခင်မှာ အသံဗုံးတွေ အရင်ဖောက်တယ်လို့ ဆိုပါတယ်။ ရွာက လူတွေ ကြောက်လန့်တကြားဖြစ်၊ ပြေးကြ၊ လွှားကြတော့မှ အိမ်တွေထဲဝင်ပြီး အဖိုးတန်ပစ္စည်းတွေ ရှာယူလေ့ရှိတယ်လို့ ရွာခံက ပြောပါတယ်။ အထူးသဖြင့် ရွှေငွေ လက်ဝတ်လက်စားနဲ့ ဖုန်းတွေကို အဓိက ယူတတ်တယ်လို့ ဆိုပါတယ်။

နယ်တစ်နယ်လုံး အင်တာနက်ခက်ခဲတော့ သတင်းပို့ချင်ရင် သစ်ပင်အမြင့်ကြီးတွေပေါ်တက်ပြီး သုံးရတယ်လို့ ဆိုပါတယ်။ ရွာစဉ်အလိုက် ဒုက္ခသည်ဦးရေလည်း တိုးလာနေတယ်လို့ ပြောပါတယ်။ ကစင့်ကလျား ပြေးလွှားကြရတာ ဖြစ်လို့ စစ်ပြေးဒုက္ခသည်ဦးရေ အတိအကျတော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။
13.9K views06:48
Open / Comment
2022-06-15 20:59:01 လျှောက် မရှဲ ကြပါနဲ့ဦးဗျ။

ကိုဂျင်မီတို့ ကိုဇေယျာသော် တို့ သတင်းက လှုပ်လို့ကောင်းတဲ့ သတင်းမျိုး။ ဝုန်းကနဲ၊ အုန်းကနဲပေါ့။ 'ကြိုးပေးမယ့်ကိစ္စ' က မှန်လို့ ရှိရင် သတင်းဌာနကြီးတွေမှာ တက်လာပါလိမ့်မယ်။ ခုချိန်ထိ ယုံကြည်ရတဲ့ သတင်းဌာန တစ်ခုကမှ တက်လာတာမျိုး မရှိသေးပါဘူး။

(စာဖတ်သူအများစုက ဝေခွဲဖို့ ခက်ကြပေမယ့် သတင်းသမား အချင်းချင်းကတော့ ဘယ်သတင်းအရေးအသား၊ ဘယ်လိုအသုံးအနှုန်းရေးရင် ယုံကြည်နိုင်၊ မယုံကြည်နိုင်ဆိုတာ ခွဲခြား သိကြပါတယ်)

ကျန်တဲ့ မီးလောင် ရေကြီး သူပုန်စီး အသေးအဖွဲ သတင်းမျိုးတွေက ပြဿနာ မရှိပေမယ့် ဒီလိုမျိုး အကဲဆတ်တဲ့ ကိစ္စတွေဆိုရင် သတင်းဌာနကြီး ၄ ခုလောက် တိုက်ကြည့် စစ်ဆေးသင့်ပါတယ်။

ဇော်မင်းထွန်းကို တိုက်ရိုက်ဆက်သွယ်မေးမြန်းပြီး သတင်းတင်ဆက်နေတဲ့ 'မီဒီယာကြီးတွေ' လည်း ရှိတာပဲ။ သူတို့လည်း မေးမြန်းကြမှာပေါ့။ မှန်ရင် ဦးဦးဖျားဖျား ရေးကြမှာပါ။
29.1K viewsedited  17:59
Open / Comment
2022-06-15 14:25:23
"စပါးတင်း သောင်းနဲ့ချီပြီး ပါသွားတယ်ဗျာ"

ဓာတ်ပုံက မနေ့က ဒီပဲယင်း၊ မူးကမ်းကြီးရွာကို စစ်တပ်က မီးရှို့သွားပြီးတဲ့နောက် ဒီနေ့ တွေ့ရတဲ့ ပုံပါ။ ခုညနေထိ မီးတငွေ့ငွေ့လောင်နေဆဲ ဖြစ်လို့ တချို့နေရာတွေ မီးငြှိမ်းနေရတုန်းပဲလို့ ဆိုပါတယ်။ အိမ်ခြေ ဘယ်လောက်ထိ လောင်သွားလဲဆိုတာတော့ အတိအကျ မရေတွက်နိုင်သေးဘူးလို့ ပြောပါတယ်။

"အိမ်တွေ လောင်သွားတာထက် စပါးတွေပါသွားတာ ပိုဆိုးတယ်။ စပါးတင်း သောင်းနဲ့ချီပြီး ပါသွားတယ်ဗျာ" လို့ သတင်းလှမ်းပို့သူက ဆိုပါတယ်။ တစ်ရွာလုံးမှာရှိတဲ့ စပါးကျီအများစု မီးရှို့ခံလိုက်ရတယ်လို့ သူက ဆိုတယ်။ သူပို့တဲ့ တချို့ ဓာတ်ပုံထဲမှာတော့ အိမ်တွေတင်မကဘဲ ချွေလှေ့ပြီးသား စပါးတွေ မီးကျွမ်းပြာကျနေတာ တွေ့ရတယ်။

မူးကမ်းကြီးရွာဟာ ၂၀၂၁ မတ်လ အစောပိုင်းကာလ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်တွေမှာ အင်တိုက်အားတိုက် ပါဝင်ခဲ့တဲ့ စစ်ကိုင်း၊ ရွှေဘိုနယ် ရွာတွေထဲက တစ်ရွာဖြစ်ပါတယ်။
25.8K viewsedited  11:25
Open / Comment
2022-06-15 07:38:39 စစ်ကိုင်းနဲ့ မကွေး

[စစ်ကိုင်း]
မနက် ၇ နာရီ၊ စစ်ကိုင်းမြို့ကနေ မြောက်ဘက်ဦးတည်ထားတဲ့ စစ်ကောင်စီ ကားကြီး ၂၂ စီး အများစုက ကားအသစ်တွေ။ ထင်ရူးသေတ္တာ အသေးတွေပါအများစုတင်ထား။ စစ်သားအနည်းငယ်ပါ။ ၉:၃၀ မှာ မိုင်းကာကား ၅ စီးဆက်ဖြတ်သွားတယ်လို့ ဆိုပါတယ်။

[မကွေး]
ချောက်၊ ခြေလျင်တပ်ရင်း ခလ၇ ၁၃၊ ပျဉ်းမကုန်းဝန်းကျင်၊ အင်အား ၃၀ ကနေ ၄၀ ထိရှိ။ လက်နက်၊ ယူနီဖောင်းအပြည့်အစုံနဲ့ မနက်စားစားခဲ့။ မနက် ၉:၅၀ ဝန်းကျင်မှာ ချောက်မြို့ပေါ်က ဖြတ်ပြီး မြစ်နောက်ဘက် လေယာဉ် ဖြတ်ပျံသွား။

နီးစပ်ရာ သက်ဆိုင်ရာကိုလည်း ဒီသတင်း ပို့ထားပြီး ဖြစ်ပါတယ်။

မကွေးသတင်းတွေ အဆက်ပြတ်နေလို့ မကွေးထဲ ရှိနေကြသူတွေ သတင်းတွေ ပေးပို့ကြပါဦး။ သတင်းတင်းပေးစေချင်တယ်ဆိုရင် Telegram မှာ @mrattkthu ကို ဆက်သွယ်နိုင်ပြီး ထောက်လှမ်းရေး သတင်းတွေ ပေးပို့ချင်တယ်ဆိုရင်တော့ t.me/mmfifthcolumn ဆီ အချိန်မရွေးပေးပို့နိုင်ပါတယ်။
29.6K viewsedited  04:38
Open / Comment
2022-06-14 18:05:25
စစ်ကိုင်း
--------
မန်လေးအထွက် စစ်ကိုင်းအဝင်မှာ ဒီရက်ထဲ အစစ်အဆေး တော်တော်ကြမ်းတယ်လို့ ကိုယ်တိုင် ကြုံခဲ့ရသူက ပြောပြပါတယ်။ အရပ်ဝတ်နဲ့ သေနတ်လွယ်ထားသူတွေက ကားတွေကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ဖုန်း တက်ဘလက်ထဲက ဓာတ်ပုံနဲ့ လူမျက်နှာနဲ့ သေချာတိုက်ကြည့် စစ်ဆေးခံခဲ့ရတယ်လို့ ပြောပါတယ်။

နောက်ပြီး မသင်္ကာရင် ဖုန်းထဲမှာ နောက်ဆုံးခေါ်ခဲ့တဲ့ ဖုန်းနံပါတ်တွေကိုပါ ခေါ်ခိုင်းတယ်လို့ ပြောပါတယ်။ အရပ်ဝတ်တွေနဲ့ပါ။ ဒါကြောင့် စစ်ကိုင်းကို ဖြတ်မည့်သူများ သတိထားကြဖို့ သတင်းရင်းမြစ်က တိုက်တွန်းပါတယ်။

နောက်တစ်ခုကတော့ စစ်ကိုင်း မြို့နယ် နယ်စပ်က ရဲစခန်းတွေအနေနဲ့ လုံခြုံရေး အဆောက်အဦးတွေ ပြင်ဆင်ဆောက်လုပ်ဖို့ ရိက္ခာစုနေတယ်လို့လည်း သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

ကားကိုပဲ စစ်စစ်၊ လူကိုပဲ စစ်စစ်၊ အစစ်အဆေးတွေ၊ ကင်းပုန်းချထားတာတွေ၊ အရပ်ဝတ်နဲ့လုံခြုံရေးတွေ တွေ့ရင် သတင်းပေးကြဖို့ မေတ္တာ ရပ်ခံလိုပါတယ်။ သတင်းပေးလိုသူတွေအနေနဲ့ t.me/mrattkthu ဆီ ဖော်ပြလိုတဲ့ သတင်းတွေ ပို့လို့ရသလို
t.me/mmfifthcolumn ဆီလည်း ထောက်လှမ်းရေး သတင်းတွေ ပို့နိုင်ပါတယ်။
10.6K views15:05
Open / Comment
2022-06-14 15:45:35 ကျောက်ပန်းတောင်း ကနေ ညောင်ဦးကို...

နေ့လယ် ၁ နာရီကျော်က ကား ၁၄ စီးတက်သွားပါတယ်။ အလယ်က ကားကြီး ၃ စီးပါတယ်။ အားလုံးအရပ်တွေနဲ့ချည်းပဲ။ ပြီးတော့ ၃ စီးက အရပ်သားကား၊ ဒီထဲမှာ အားလုံးက ရဲယူနီဖောင်းနဲ့။ ကျန်တာတွေက ဖောကားတွေချည်းပဲ။ သာယာဝတီ မော်တော်ဆိပ်ဘေးက အောင်မြေသာ ဘုန်းကြီးကျောင်းထဲမှာ ရဲ ၁၀၀ လောက်ရှိတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။

ဒီနေ့ ည ၇ နာရီဝန်းကျင်က အလယ်မှာ မိုးကာနဲ့အုပ်ထားတဲ့ ကုန်တင်ကား။ ရှေ့က တစ်စီး၊ နောက်က တစ်စီးက ဖောကား။ ဒီ နှစ်စီးလုံးမှာ စစ်သားတွေ ပါပါတယ်။ ညောင်ဦးကိုပဲ တက်သွားပါတယ်။

ညောင်ဦးကနေ တစ်ဖက်ကို ဆက်သွားရင် မြင်တွေ့ရသူများ သတင်းပေးပို့စေလိုပါတယ်။ Messenger ကနေလည်း ပေးနိုင်သလို Telegram မှာလည်း ပေးနိုင်ပါတယ်။ Telegram - t.me/mrattkthu နဲ့ t.me/mmfifthcolumn ကိုလည်း ပို့နိုင်ပါတယ်။
15.3K viewsedited  12:45
Open / Comment