Get Mystery Box with random crypto!

Mratt's Channel

Channel address: @mrattkyawthu
Categories: Telegram
Language: English
Subscribers: 137.18K
Description from channel

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Ratings & Reviews

2.67

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

1


The latest Messages 13

2022-09-18 15:56:09 Live stream finished (23 minutes)
12:56
Open / Comment
2022-09-18 15:32:56 Live stream started
12:32
Open / Comment
2022-09-18 02:31:45
35.7K views23:31
Open / Comment
2022-09-17 15:22:40
တန့်ယန်းမြို့ မြေပုံ
36.9K views12:22
Open / Comment
2022-09-17 15:22:28 ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမှာ စစ်တပ်က အင်အားဖြည့်

တန့်ယန်းမှာ ထောက်ပို့တပ်မရှိဘဲ လားရှိုးအခြေစိုက် ထောက်ပံ့ပို့ဆောင်ရေး အမှတ် (၆၂၆) တပ်ရင်းကနေ လာပြီး တပ်စွဲထားတာ ဖြစ်ပါတယ်။ ဒီမှာရှိတဲ့ စစ်တပ်ရဲ့ ဂိုဒေါင်နှစ်ခုမှာ စက်တင်ဘာ ၃ တုန်းက ၁၂ ဘီးကားတွေနဲ့ ဆန်တွေလာချသွားတာ တွေ့ရပါတယ်။

တန့်ယန်းမှာရှိတဲ့ စစ်တပ်ရဲ့ ဒီဂိုဒေါင်တွေဟာ အသုံးမပြုဘဲထားတာ နှစ်ပေါင်းများစွာရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပြန်လည် သန့်ရှင်းရေးလုပ်နေခဲ့တာလည်း ဖြစ်ပါတယ်။

စက်တင်ဘာ ၁၂ တုန်းကတော့ တန့်ယန်းမှာရှိတဲ့ စစ်မှုထမ်းဟောင်းတွေနဲ့ ပြည်သူ့စစ်ဖွဲ့ဖို့ အစည်းအဝေးတစ်ခု လုပ်ခဲ့ပါတယ်။ ဒါကို အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) အောက်က အခြေခံ စစ်ဗျူဟာမှာ လုပ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ လူ ၂၀ ကနေ ၃၀ ကြား ဖွဲ့ထားနိုင်ပြီလို့ သိရပါတယ်။

တစ်လမှာ ဆန် တစ်အိတ်၊ ငွေ ၇၀၀၀ ဝန်းကျင်ပေးပြီး စည်းရုံးထားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ လောလောဆယ် ဖွဲ့စည်းထားပြီးသားလူတွေကို မြို့တွင်းက ဂိတ်တွေနဲ့ စစ်တပ်ရဲ့ ကင်းစခန်းတွေမှာ ချထားတယ်လို့ ဆိုပါတယ်။

တန့်ယန်းဟာ ရှမ်းတောင်၊ ရှမ်းအရှေ့ကနေ ရှမ်းမြောက်သွားရာလမ်းမှာ အဓိကကျတဲ့ မြို့ဖြစ်ပြီး ထောက်ပံ့ပို့ဆောင်ရေးအတွက် အခရာကျတဲ့ မြို့ကြီးတစ်မြို့လည်း ဖြစ်ပါတယ်။ ဒီရက်တွေမှာပဲ UWSA ‘ဝ’ တပ်နဲ့ AA, MMDAA, NDAA, SSPP/SSA တို့လည်း တွေ့ဆုံခဲ့ပါသေးတယ်။
34.8K viewsedited  12:22
Open / Comment
2022-09-16 14:57:00
ဓာတ်ပုံ - New Mandala
35.5K views11:57
Open / Comment
2022-09-16 14:56:41 ရခိုင်ပြည်နယ် စစ်တွေမြို့က စစ်တွေထောင်ထဲမှာ အေအေ ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူတွေနဲ့အတူ စစ်တပ်ထဲကနေ ထွက်ပြေးခဲ့တဲ့ တပ်ပြေး ၉၀ ကျော် ရှိနေတယ်လို့ ထောင်တွင်း သတင်းရင်းမြစ်က ဒီနေ့ ပြောပါတယ်။

တိုက်ပွဲတွေမှာ ရခိုင့်တပ်တော် (အေအေ) ရဲ့ ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူတွေကို စစ်ကောင်စီက ပြန်ဖမ်းဆီးပြီး ထောင်သွင်းအကျဉ်းချသလို စစ်တပ်ထဲကနေ ထွက်ပြေးခဲ့တဲ့ တပ်ပြေးတွေကိုပါ အကျဉ်းချထားတာ ဖြစ်ပါတယ်။

ဒီလူတွေကို စစ်တပ်ရဲ့ အကျဉ်းထောင်တွင်း အထူးတရားရုံးတွေမှာ တရားစီရင်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီရဲ့ ဗျူဟာကျတဲ့ ကြိမ်ချောင်းအခြေစိုက်စခန်းတွေကို အေအေက သိမ်းယူထားပါတယ်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၅ နယ်မြေ ထိုင်း မြန်မာနယ်စပ် ထဲမှာရှိတဲ့ ရခိုင့်တပ်တော်ရဲ့ တပ်စခန်းတစ်ခု ပြီးခဲ့တဲ့ ဇူလိုင်ပထမပတ်က တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြန်လည်ပြင်းထန်လာတာပဲဖြစ်ပါတယ်။

ဓာတ်ပုံ - ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်ကို ၂၀၁၃ ခုနှစ်က ဝေဟင်ကနေ မြင်ရတာ ဖြစ်ပါတယ်။
34.8K views11:56
Open / Comment
2022-09-16 14:28:30
31.1K views11:28
Open / Comment
2022-09-16 14:28:24 ဒီနေ့ နေ့လယ် ၁ နာရီကျော်က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းက မူးကတွင်း၊ လက်ယက်ကုန်း ကျေးရွာကို စစ်ကောင်စီက ရဟတ်ယာဉ် နှစ်စီးနဲ့ စစ်သားတွေလာချခဲ့ပြီး ခုချိန်မှာ ဒေသခံ ၂၀၀ ကျော် ပိတ်မိနေတယ်လို့ ဒီပဲယင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့တဲ့နာရီပိုင်းက ရေးသားထားပါတယ်။

Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်နှစ်စီးနဲ့ အင်အားဖြည့်တင်းခဲ့ပြီး အနီးတဝိုက်ကို ဝေဟင်ကနေ ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

"လက်ယက်ကုန်းကျေးရွာ အတွင်းသို့ ဝင်ရောက်နေရာယူ စီးနင်းထားရာတွင် ကျောင်းသား၊ သူလေးများ အပါအဝင်ပြည်သူ ၂၀၀ ခန့်မှာ ကျေးရွာအတွင်းပိတ်မိပြီး" စစ်ကောင်စီက ဖမ်းဆီးထားတယ် လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

ဓာတ်ပုံ - ဒီပဲယင်းမြို့ အရှေ့ခြမ်းက လက်ယက်ကုန်းကျေးရွာ
30.5K viewsedited  11:28
Open / Comment
2022-09-16 13:29:36 ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းက မြို့ပေါ်က မြေအောက်အုပ်စုတစ်ခုက မိုင်းထောင်ခဲ့တယ်။ မိနစ်ပိုင်းလောက်ကြာတော့ စစ်ခွေးတွေ ရဲခွေးတွေနဲ့အတူ ဒလံတွေ ရောက်လာပါတယ်။ အဲ့ဒီနောက် အသံဗုံးလိုတစ်ခု စ ပေါက်ကွဲပြီးတော့ သူတို့က နောက်တစ်ခုကို ထပ်ပြီး ရှင်းလင်းရေးလုပ်ဖို့ အဖွဲ့တစ်ခုကို ထပ်ခေါ်လိုက်ပါတယ်။

ကျည်ကာတွေ အဝတ်အစားတွေအပြည့် သေချာဝတ်ဆင်ပြီးတော့ ကြိုးတွေကို ဖြုတ်ဖို့ကြိုးစားပါတယ်။ ကားတွေ သွားလို့ မရအောင်လည်း လမ်း ပိတ်လိုက်ပါတယ်။ လမ်းမတန်း အိမ်တွေကို အကုန်လိုက်မေးပါတယ်။ ဘယ်သူတွေလာသွားလဲ၊ ဘာကားနဲ့လဲ၊ ဘယ်ဘက်ကိုပြန်ထွက်သွားလဲ ပေါ့။

လူတွေက မဖြေကြပါဘူး။

စစ်သားတွေကလည်း မယုံသင်္ကာအကြည့်တွေနဲ့ လမ်းမတန်းက အိမ်တွေဆိုင်တွေကို အပေါ်အောက်မျက်လုံးအကြည့်တွေနဲ့ လှမ်းကြည့်လိုက်နဲ့။ သူတို့ထဲက တစ်ချို့တွေဆို လူတွေကို စားတော့ဝါးတော့မတတ်ပါပဲ။ ဆိုင်တချို့လည်းပိတ်ပြီး ဝန်ထမ်းတွေလည်း ပြန်သွားကြပါတယ်။

သူတို့ နောက် ဗုံးတစ်လုံးကို ရှင်းလင်းဖို့ကြိုးစားတာ တစ်နာရီကျော်ကြာပေမယ့် အဆင်မပြေတဲ့ပုံပါပဲ။​ ဖောက်ခွဲပစ်လိုက်ပါတယ်။ ဟိုးအဝေးကြီးကနေ ကြိုးရှည်ရှည်နဲ့ မီးရှို့ပြီး ကြိုးစအတိုင်းမီးကူးလာပြီး ပေါက်ကွဲအား ခပ်ပြင်းပြင်း ပေါက်ကွဲသွားတာပါ။

ပြောချင်တာက အဲ့ဒီမှာ ဒလံ တွေက မထင်ထားလောက်အောင်ကို များပါတယ်။ ကိစ္စဝိစ္စပြီးတော့ ဒလံတွေလည်းပြန် စစ်ခွေး၊ ရဲခွေးတွေလည်း ကားတွေနဲ့ အလျှိုအလျှိုပြန်သွားကြပါတယ်။ လူတွေက နည်းနည်းကြာတော့ အိမ်တံခါးတွေပြန်ဖွင့် ဆိုင်တွေပြန်ခင်းကြပါတယ်။

အဲ့အချိန်မှာ စပြီး လူတွေက သူတို့ မြင်လိုက်ရတာတွေကို ပြောပါတော့တယ်။ လာတဲ့အရေအတွက် ယောက်ျားဘယ်နှစ်ယောက်၊ မိန်းကလေး ဘယ်နှစ်ယောက်၊ ကားကိုဘယ်နားမှာ ရပ်လိုက်ပြီး ဘယ်လိုဆင်းလာပြီး ဆင်လာတဲ့ ပစ္စည်းတွေကိုချသွားကြောင်း၊ မြင်လိုက်တဲ့သူတွေက အချင်းချင်း စုစု စုစုနဲ့ ပြောကြပါတယ်။

အဲ့အချိန်မှာ ဆိုင်ရှေ့တွေမှာ လူစုစုတွေထဲ ဖြတ်သွားဖြတ်လာ တချို့ကလည်း ဟိုမေးဒီမေးနဲ့ ဝင်စပ်စုကြပါတယ်။ ဘယ်ဘက်ကို ကားကပြန်ထွက်သွားသလဲတို့၊ ဘာတွေဝတ်ထားသလဲတို့၊ လာလုပ်တဲ့သူတွေက အပေါ်အောက်အမည်း ဦးထုပ်အမည်း နှုတ်ခေါင်းစည် အမည်း။ ကားက ပရိုဘောက် အရှေ့ဆုံးအက္ခရာ နှစ်လုံးလောက်မြင်လိုက်တဲ့သူလည်း ရှိသလို၊ ဘယ်ဘက်ကို ကားပြန်ထွက်သွားသလဲဆိုတာ မြင်လိုက်တဲ့သူလည်း ရှိပါတယ်။

ယူဆတာကတော့ လူအုပ်ထဲ ဟိုလိုလို ဒီလိုလို ဝင်ရောပြီး စပ်စုနေတာတွေက သာမန်ဖြတ်သွားဖြတ်လာတွေမဟုတ်ပါဘူး။ သူတို့က ဒလံလို့ ယုံကြည်ရပါတယ်။ ကြုံခဲ့ရတာတွေရယ် အဲ့လူတွေရဲ့အပြုအမူတွေရယ်ကို ဆက်စပ်ကြည့်မိတာပါ။

လူတွေက စစ်ကား ရဲကားတွေပြန်ထွက်ချိန် ဒလံတွေလည်း စက်ဘီးနဲ့ပြန်တဲ့သူကပြန် လမ်းလျှောက်ပြန်တဲ့သူကပြန်၊ ဆိုင်ကယ်နဲ့လူတောင် ပါပါတယ်။ သူတို့ပဲ ဆိုင်ကယ်စီးရဲတာ မဟုတ်လား။ အဲ့အချိန်အကုန်ပြန်သွားပြီလို့ပဲ လူတွေကလည်း ယုံကြည်နေကြတာပါ။

ပြောချင်တာကတော့ လူတွေ စုစုစုစု ပြောကြတဲ့အနားမှာ ဘယ်ကဘယ်လို ရောက်နေမှန်းမသိတဲ့ သတင်းနှိုက်မယ့် သုံးလေးယောက် ရှိနေခဲ့ပါတယ်။ သူတို့အနေနဲ့ အဲ့ကိစ္စဖြစ်စဥ်မှာ အနီးအနားက CCTV Record မရခဲ့ရင်တောင် ကားက ဘယ်လမ်းကြောင်းကို ပြန်သွားတယ်တို့ ကားနံပါတ်လိုမျိုးတို့ ခြေရာခံနိုင်သွားလောက်ပါတယ်။

ဒီမှာ ပြောချင်တာကတော့ လူတွေအနေနဲ့ မစ်ရှင် တစ်ခုခုပြီးဆုံးသွားရင် ဒါမှမဟုတ် ဆန္ဒထုတ်ဖော်မှုတွေပြီးလို့ ရဲတွေ၊ စစ်သားတွေက လာမေးပြီး ပြန်သွားပြီးတဲ့နောက် မသိတဲ့လူတွေ လာမေးရင် ဝင်ရောရင် မပြောစေချင်ဘူး။ အဲ့ဒီကနေ ခြေရာခံလို့ရသွားနိုင်တယ်ဆိုတာပါပဲ။
❍
မစ်ရှင်တစ်ခုကို အစအဆုံး မျက်မြင်တွေ့ရှိလိုက်သူတစ်ဦးက ပြောပြထားတာကို စာလုံးပေါင်း သတ်ပုံ ဝါကျ အထားအသို အနည်းငယ်ပြင်ပြီး ပြန်ဖော်ပြလိုက်ပါတယ်။
38.4K views10:29
Open / Comment