Get Mystery Box with random crypto!

Mratt's Channel

Logo of telegram channel mrattkyawthu — Mratt's Channel M
Logo of telegram channel mrattkyawthu — Mratt's Channel
Channel address: @mrattkyawthu
Categories: Telegram
Language: English
Subscribers: 138.27K
Description from channel

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Ratings & Reviews

2.67

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

1


The latest Messages 2

2024-02-29 17:04:31
ဖောက်စ် — ရှင်က ခွန်ဆာရဲ့ လက်ထောက်ပဲ၊ ဆိုတော့ မူးယစ်ကုန်သွယ်ရေးမှာ အတွေ့အကြုံရှိပြီးသား၊ ဒါပေမယ့် [ခု ကြည့်ရတာ] ရှင့် အတွေးအခေါ်တွေ ပြောင်းလဲသွားပြီး မူးယစ်ကုန်သွယ်မှုကို ဆန့်ကျင်တဲ့ ခေါင်းဆောင်တယောက်ဖြစ်လာတယ်၊ အဲ့လိုလား။

ယွက်စစ် — ခွန်ဆာ မူးယစ်ကုန်ကူးနေတုန်းက ကျုပ်က ငယ်ငယ်လေးပဲ ရှိပါသေးတယ်၊ ကျုပ် ဘာမှ မသိဘူး။

အင်တာဗျူး အပြည့်အစုံ - https://bit.ly/42Xj0nP
18.0K views14:04
Open / Comment
2024-02-28 16:00:32
ရခိုင်ကနေ ဖားကန့်ဘက်သွားပြီး ကျောက်တူးမယ်၊ တချို့ မူဆယ်မှာ အလုပ်လုပ်မယ်၊ မဟုတ်ရင် ရန်ကုန်မှာ ရွှေပန်းထိမ်လုပ်မယ် စသည်ဖြင့်။ ပြည်တွင်းကနေ ထွက်နိုင်ရင်တော့ မလေးရှား၊ ထိုင်းပေါ့။ ဒါက အမျိုးသားတွေ။ အမျိုးသမီးအများစုကိုကြည့်ရင် စက်မှုဇုံတွေမှာ အထည်ချုပ်၊ ရွှေ့ပြောင်း လူဦးရေထဲက ရာခိုင်နှုန်း ခပ်များများက ဒီတိုင်းချည်းပါပဲ။

ဆောင်းပါး - https://bit.ly/3uOWzoi
13.5K views13:00
Open / Comment
2024-02-23 18:13:23
အပြည့်အစုံ -

21.7K views15:13
Open / Comment
2024-02-23 10:03:04
မြန်မာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုရဲ့ ခေါင်းဆောင်ဆီကနေ နျူကလီးယားထုတ်လုပ်နိုင်တဲ့ ယူရေနီယံနဲ့ ပလူတိုနီယံဓာတ်သတ္တုတွေကို ယူပြီး အီရန်နိုင်ငံကို ပြန်ရောင်းချဖို့ကြံစည်မှုနဲ့ အမေရိကန်က ဖမ်းဆီးထားတဲ့ ဂျပန်ယာကူဇာ အီဘီဆာဝါဆိုတာ ဘယ်သူလဲ...?

အပြည့်အစုံနားဆင်ရန် -

22.5K views07:03
Open / Comment
2024-02-20 14:45:20 'ထိုင်းနိုင်ငံ' သို့ သွားမည့်သူများ...

ရန်ကုန် ထိုင်းသံရုံးရဲ့ စည်းမျဉ်းတွေ ပြောင်းသွားပါတယ်။ ဟိုးတရက်က ထုတ်ပြန်ချက်မှာ 'သံရုံးရှေ့ တန်းစီ၊ တိုကင်ယူ' စနစ်လုပ်ခဲ့တယ်။ ခုတော့ ဒီစနစ်ကို ပြောင်းလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ကိုယ်တိုင်တန်းစီ စနစ်ကို ဖျက်သိမ်းလိုက်ပြီလို့ ဆိုတယ်။ အွန်လိုင်းကနေတဆင့် တိုကင်ယူရတော့မယ်လို့ ဆိုတယ်။

အပေါ်က စာပိုဒ်က အတိုချုံ့ရေးထားတာပါ။ ထုတ်ပြန်ချက် အပြည့်အစုံကို သေသေချာချာဖတ်ရှုကြပါ မိတ်ဆွေများ။ ရန်ကုန်မှာရှိတဲ့ ထိုင်းနိုင်ငံသံရုံး ဖေ့စ်ဘုတ်စာမျက်နှာ Link - https://www.facebook.com/RoyalThaiEmbassyYangon
28.1K views11:45
Open / Comment
2024-02-19 08:38:35
ရခိုင်ပြည်နယ် ပိတ်ဆို့ခံထားရတာ ရက်ပေါင်း ၁၀၀ ပြည့်တော့မည်။ စစ်ရေးအခြေအနေများနှင့် နောက်ဆုံးအခြေအနေ....

29.6K views05:38
Open / Comment
2024-02-14 19:24:19
ကျနော့်ကို မေးခွန်းတွေ လာမေးကြတာ အများကြီးပါပဲ။

တချို့လည်း သူတို့မေးခွန်းတွေ ပြန်မဖြေလို့ စိတ်ကွက်သွားကြတာ တွေ့ပါတယ်။ တချို့ကိစ္စတွေ ကျနော် ချက်ချင်း မဖြေနိုင်ပါ။ ယုံကြည်ရတဲ့ သတင်းဌာနတွေမှာ ရေးထားတာတွေရယ်၊ ကျနော့် သတင်းရင်းမြစ်တွေကို မေးမြန်းတာတွေရယ်၊ နောက်ပြီး ကျနော့်အတွေ့အကြုံရယ်၊ စာတွေလည်း လိုက်ဖတ်ရပါတယ်၊ ဒါတွေ စုပေါင်းပြီး ဖြေတာပါ။

မေးခွန်းတွေကို ဖြေထားတဲ့ Live ကို အောက်က Link မှာ ကြည့်နိုင်ပါတယ်။



37.5K viewsedited  16:24
Open / Comment
2024-02-14 15:55:43 ကော်သူးလေ မြေကို နင်းပြီး
လွတ်မြောက်ရာ
ရောက်သွားကြသူတိုင်း
ကော်သူးလေအပေါ် ကျေးဇူးရှိပါတယ်။


ဒီမြေကို ဖြတ်ပြီး ပြေးခဲ့ရသူတွေဆိုရင် ကိုယ့်ဒုက္ခ ဘယ်လောက်ရောက်ခဲ့သလဲ သိကြမှာပါ။ တချို့ဆို ဒီနယ်မြေကိုဖြတ်ကြတာမှာ တွေ့ကြုံရတဲ့အကြောင်း တဖွဲ့တနွဲ့ ရေးကြပြောကြတာ တွေ့မိတယ်။ ဒီနယ်ကလူတွေရဲ့ ဒုက္ခတွေကို မြင်ခဲ့ကြမှာပါ။ နေ့ပိုင်း ရက်ပိုင်း ဖြတ်သန်းခဲ့ရတာ ဒီလောက်ခက်ခဲရင် ဒီမြေမှာ ဆယ်စုနှစ်ပေါင်းများစွာ ဒုက္ခရောက်နေကြသူတွေရဲ့ ခက်ခဲမှုကတော့ ပြောစရာလိုတော့မယ် မထင်ပါ။

ခု ဒီ ကော်သူလေးနယ်က စစ်ဘေးရှောင်တွေအတွက် ကမ်ပိန်းလုပ်နေပါတယ်။ အောက်က Link မှာ ဝင်ကူညီ အားဖြည့် ပါဝင်ပေးကြပါဦး မိတ်ဆွေတို့။

https://www.facebook.com/GSCNStrike/posts/pfbid0uvSLcZQbfzibFrW7w9UJQeMqz2KkfnBBr5MqUQVuzL2BPkVG7HD4hDVqQnqFLsi1l
34.9K views12:55
Open / Comment
2024-02-12 03:00:01 အပြည့်အစုံကြည့်ရန် -

34.1K views00:00
Open / Comment
2024-02-08 17:11:40လူမှုကွန်ရက် သက်သေအထောက်အထား (၅)
စစ်ကောင်စီထောက်ခံသူ ပျူစောထီး (ပြည်သူ့စစ်) ခေါင်းဆောင်ဟုယူဆရသူ တဦးက မြောက်ခင်ရန်းရွာတွင် ပျူစောထီး (ပြည်သူ့စစ်) များ စစ်ရေးလေ့ကျင့်နေသည့် ရုပ်သံဖိုင်တခု တင်ထားခဲ့သည်ကို တွေ့ရသည်။ အဆိုပါဖိုင်တွင် တွေ့ရှိရသည့် နေရာသည် YDF ရဲဘော် ၂ ဦး သတ်ဖြတ်ခံရသည့် နေရာနှင့် ထပ်တူကျသည်ကို တွေ့ရသည်။ မြောက်ခင်ရန်း ရွာသည် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်) အားကောင်းသည့်ရွာ ဖြစ်သည်။

လူမှုကွန်ရက် သက်သေအထောက်အထား (၆)
ဖမ်းဆီးခံထားရသည့် YDF ရဲဘော် ၂ ဦး အနီးတွင် ဘောင်းဘီတို နှင့် စစ်ဖိနပ် ဝတ်ထားသူ တဦးသည် RPG တလက်ကို လွယ်ထားသည်ကိုတွေ့ရပြီး အဆိုပါ RPG တွင်ပါသည့် အနီဝိုင်း၌ အဖြူရောင်ဖြင့် နံပါတ်စာသားများ ရေးထားသည်ကို တွေ့ရသည်။ ယင်းအမှတ်အသားသည် စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့များတွင် တပ်ရင်းဌာန နံပါတ်များကို ရေးသားသည့်ပုံစံဖြစ်ပြီး တပ်ရင်းဌာန အတိအကျကို မသိရသော်လည်း ယင်းဖြစ်ရပ်တွင် စစ်ကောင်စီ တပ်သားများ ပါဝင်ပတ်သတ်နေသည်မှာ ထင်ရှားပေသည်။

တွေ့ရှိရသည့် အထက်ပါ သက်သေ အထောက်အထားများအရ မြောက်ခင်ရန်းကျေးရွာတွင်ဖြစ်ပွားခဲ့သည့် လူမဆန့်သည့် သတ်ဖြတ်မှုကို စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက ကျူးလွန်ခဲ့သည်မှာ ထင်ရှားသည်။ စစ်ကောင်စီ ထောက်ခံသူ ဝါဒဖြန့် လော်ဘီများကိုယ်တိုင် ချန်ထားခဲ့သည့် ငြင်းမရသည့် သက်သေအထောက်အထားများ ဖြစ်သည်။

မြောက်ခင်ရန်း ကျေးရွာရှိ ပျူစောထီး (ပြည်သူ့စစ်) များကို ကြံခိုင်ရေးအမတ်ဟောင်း ဘူးလတ်လှဆွေက ဖွဲ့စည်းပေးကာ လက်နက်တပ်ဆင်ပေးထားပြီး ဒေသကွပ်ကဲရေးစစ်ဌာနချုပ် ဒကစ (ကလေး) က အခြေခံစစ်သင်တန်းများ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီအနဖြင့် စစ်ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး မည်မျှပင် ငြင်းဆိုနေစေကာမူ သက်သေအထောက်အထားများအရ အဆင့်ဆင့် တာဝန်ခံရမည်ဖြစ်သည်။

⎯☐ သက်သေဖော်ထုတ်ချက်နှင့် မှတ်တမ်းအပြည့်အစုံကို အောက်ပါ Link နှစ်ခုတွင် Download ရယူနိုင်ပါသည်။

အထူး သတိပေးချက်။ စိတ်မချမ်းမြေ့စရာ ဓာတ်ပုံများနှင့် အကြောင်းအရာများ ပါဝင်သည်။
Download Link (1) https://drive.proton.me/urls/9QGAXHB6SW#JGnbkGqUgqPb

Download Link (2)
https://drive.proton.me/urls/RBK1KVNBMW#XMYMm3ybAI5d
16.1K views14:11
Open / Comment