Get Mystery Box with random crypto!

Mratt's Channel

Logo of telegram channel mrattkyawthu — Mratt's Channel M
Logo of telegram channel mrattkyawthu — Mratt's Channel
Channel address: @mrattkyawthu
Categories: Telegram
Language: English
Subscribers: 138.27K
Description from channel

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Ratings & Reviews

2.67

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

1


The latest Messages 5

2023-04-25 11:50:13 လူထုက ဘယ်သူ့နောက် လိုက်ရမှာလဲ...?

တော်လှန်ရေးကို ရက်ချိန်းပေးလို့ ရပါသလား။ တချို့က ခဏတိုင်း ‘မိုတီ’ ပေးနေရမည် ဆိုသည်။ တချို့က မျှော်လင့်ချက်အမှားများ မပေးကြနှင့်ဟု ဆိုသည်။ အာဏာရှင်ကို တိုက်ကြသူအချင်းချင်း တော်လှန်ရေးတပ်ဖွဲ့များက ညည်းညူကြသလို ဦးဆောင်သူများကလည်း အကြောင်းပြချက်များ ပေးနေကြသည်ဟု ဝေဖန်ကြပြန်သည်။

စားသောက်ကုန်များ ဝယ်စုထားဆိုပါက လူထုက မဆိုင်းမတွ ဝယ်ကြသည်။ တဖက်တွင် နိုင်သမျှ ထောက်ပို့ကြသေးသည်၊ ကလစ်ကြသည်။ သို့သော် အကွဲအပြဲသတင်းများ၊ တော်လှန်ရေးအဖွဲ့တချို့၏ လုပ်မှားကိုင်မှားများနှင့် အလွန်များပြားလှသည့် သတင်းများကြား ပြည်သူများ ဗျာများကြသည်။ တဖွဲ့က တမျိုးပြောလျှင် နောက်တစ်ဖွဲ့ထံက တသံထွက်လာတတ်သည်။
12.7K views08:50
Open / Comment
2023-04-24 12:48:05
In collaboration with B​ACS.
Stay tuned!

For more information - https://www.facebook.com/bacs.mm
15.6K views09:48
Open / Comment
2023-04-22 13:01:37 ကန့်ဘလူအတွက် ကျနော့်ဆီကနေတစ်ဆင့် NUG-Pay နဲ့ ထောက်ပို့ထားကြသူများ ခင်ဗျာ။

ကျပ် ၅ သောင်းနဲ့အထက် ထောက်ပို့ထားသူများအတွက် ဆာတီဖီကိတ်ရပါပြီ။ မက်ဆေ့တွေက များတာမို့ ကျနော်လည်း မဖတ်နိုင်တာကြောင့် ပို့စ်တင်ပြောတာပါ။

လက်ရှိအချိန်ထိ သိန်း ၇၀၀ လောက်ရထားပြီလို့ ဆိုပါတယ်။ ငွေက မြေပြင်ကလူဆီ တိုက်ရိုက်ရောက်ပြီး သူတို့ကိုယ်တိုင်ပဲ ကိုင်တွယ်တာဖြစ်ပါတယ်။

ဒါ့အပြင် ဆာတီဖီကိတ်ကလည်း သူတို့ကိုယ်တိုင် လုပ်တာဖြစ်ပါတယ်။ အင်တာနက်အခက်အခဲ၊ အချိန်ညှိရတာ အခက်အခဲတချို့ကြောင့် ဆာတီဖီကိတ်ပေးဖို့ ကြန့်ကြာသွားတာပါ။

၅၀,၀၀၀ နဲ့အထက် ထောက်ပို့ထားပြီး ဆာတီဖီကိတ် တောင်းဖို့ မေ့နေသူများ၊ မတောင်းရသေးသူများလည်း သတိပေးပေးပါဦး။

မက်ဆင်ဂျာထဲကဆိုရင် မမြင်တတ်တာမျိုးရှိတာကြောင့် ကျနော့် တယ်လီဂရမ် (@mrattkthu) ဆက်သွယ်ရင် ပိုအဆင်ပြေမြန်ဆန်ပါတယ်။
5.6K viewsedited  10:01
Open / Comment
2023-04-22 12:03:52
ဆောင်းပါးရှည် - https://bit.ly/3H790yR
6.9K views09:03
Open / Comment
2023-04-18 20:35:58
ဧလာ လေတပ်ဆွယ် ကို MKCDF နဲ့ Brave Warriors for Myanmar (BWM) က ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့သလား၊ မတိုက်ခိုက်ခဲ့ဖူးလား ကျနော် အတည်မပြုနိုင်ပါ။ ဒါပေမယ့် တိုက်ခိုက်ခဲ့တယ်လို့ဆိုပြီးရေးတဲ့ သတင်းတွေမှာ သုံးထားတဲ့ပုံတွေမှာ ပထမနဲ့ ဒုတိယ နှစ်ကြိမ်စလုံးဟာ ပုံအဟောင်းနဲ့ ပုံအလွဲတွေသာ ဖြစ်ပါတယ်။ - https://bit.ly/43GQWFn
17.1K views17:35
Open / Comment
2023-04-18 18:08:47
နေပြည်တော် အေလာ လေဆိပ်ကို မနေ့က ရှော့တိုက်ဒုံးနဲ့ ပစ်လို့ ဆီလှောင်ကန်တွေ မီးလောင်သွားတယ်လို့ သတင်းဌာန တချို့က ရေးကြပါတယ်။ ဟုတ် မဟုတ် အများစုက ဇဝေဇဝါဖြစ်ပြီး လာမေးကြလို့ စစ်ကြည့်ပြီး ကျနော် စာပြန်ရေးပါတယ်။ - https://bit.ly/43GktyZ
26.3K views15:08
Open / Comment
2023-04-17 20:48:04
ပဇီကြီးဖြစ်ရပ်ဟာ ‘လူမျိုးတုန်း သတ်ဖြတ်မှု’ ဖြစ်ကြောင်း နိုင်ငံတကာက ရှုံ့ချလိုက်ပြီ ဆိုပြီး လုံးသုတ် ရမ်းတုတ်နေသင့်တဲ့ အချိန် မဟုတ်ပါဘူး။ ‘နဂါး ၂ ကောင်ပူးနေတာပါ၊ ယုံယုံကြည်ကြည် ဆုတောင်းလိုက်ပါ’ ဆိုတာတွေကို ပြန်ရှဲတဲ့လူတွေလောက်ပဲ ဒါမျိုးတွေကို ယုံကြပါလိမ့်မယ်။ (ဆောင်းပါးရှည်) - https://bit.ly/43wuX3M
16.7K views17:48
Open / Comment
2023-04-12 16:30:56 ကျနော့် Facebook နဲ့ Telegram ကနေတစ်ဆင့် QR Code တွေ့ပြီး ကန့်ဘလူ အခြေစိုက်အဖွဲ့တွေအတွက် NUG-Pay နဲ့ ထောက်ပို့ပေးကြသူမိတ်ဆွေများ ခင်ဗျာ…

မိတ်ဆွေတို့ ပေးပို့လိုက်တဲ့ငွေဟာ ကန့်ဘလူ မြေပြင်ကို တိုက်ရိုက်ရောက်ကြောင်း အာမခံနိုင်ပါတယ်။ ဒါပေမဲ့ ကျနော်က ငွေမကိုင်ပါ၊ ငွေလက်မခံပါ။ တချို့ဆို ၁၀ သိန်းကနေ ၁၅ သိန်းထိ ထောက်ပို့ပေးကြတာ တွေ့ရပါတယ်။ ရဲဘော်များအတွက် အမှန်တကယ် အထောက်အကူ ဖြစ်စေမှာပါ။

အများစုက ဆာတီဖီကိတ် မတောင်းကြပေမယ့် တောင်းထားကြသူ မိတ်ဆွေတွေအနေနဲ့ ခဏစောင့်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ ကျနော်ကနေတစ်ဆင့် ထောက်ပို့ပေးသူတွေကို ကျနော် ဆာတီဖီကိတ်တောင်းပြီး ပြန်ပို့ပေးပါမယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

KBZ Pay, WAVE Pay ကတော့ မရသေးဘူးထင်ပါတယ်။ ရရင်ပြောပါ့မယ်။ လောလောဆယ်တော့ NUG-Pay ပဲ ရပါသေးတယ်။

ငွေကြေးကူချင်ပေမယ့် အဆင်မပြေဘူးဆိုသူတွေအတွက် ကလစ်ပေးလို့ ရပါတယ်။ ဘယ်လို ကလစ်ရသလဲဆိုတာ မသိရင် ဒီ လင့်မှာ [https://www.facebook.com/mrattkthu/posts/2004072713276226 ] ဖတ်နိုင်ပါတယ်။
18.2K viewsedited  13:30
Open / Comment
2023-04-11 15:50:11
ကန့်ဘလူကို ထောက်ပံ့ချင်ရင် ဒီမှာ ယုံယုံကြည်ကြည် ပေးပို့နိုင်ပါတယ်။
25.2K views12:50
Open / Comment
2023-04-11 11:50:28 ဒီနေ့ညနေ ၅ နာရီခွဲထိ အတည်ပြုလို့ရသမျှ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် ကလေးသူငယ်တွေ၊ အရပ်သားအမျိုးသမီးတွေ အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၈၀ ကျော် သေဆုံးနိုင်တယ်လို့ သိရပါတယ်။ သေဆုံးသူဦးရေ ဒီထက်လည်း ပိုများလာနိုင်ပြီး ဆက်လက်အတည်ပြုနေဆဲဖြစ်ပါတယ်။

သတင်းအပြည့်အစုံ - https://bit.ly/3ZSYFNz
32.7K viewsedited  08:50
Open / Comment